အပိုင်း - 1 ( Z + U )

34.8K 1.2K 12
                                    

အပိုင်း



ငြိမ့်ခနဲဖြစ်သွားသော ခံစားချက်ကြောင့် လေယာဉ်ဆင်းနေပြီ
ဆိုတာ ရိုးရာ သဘောပေါက်လိုက်သည် ။သိပ်မကြာခင်
သာယာချိုအေးသော လေယာဉ်မယ်လေးရဲ့ ကြေညာသံနှင့်
အတူ သူ့ရဲ့ခရီးစဉ်ပြီးဆုံးသွားလေသည် ။
ခရီးဆောင်အိတ်ကိုဆွဲကာ လေဆိပ်အပြင်သို့ ထွက်လာတော့
အပြင်မှာလူတစ်ယောက်က အသင့်စောင့်နေလေသည် ။ကြည့်
ရတာ ဦးငယ် လွှတ်လိုက်သည့်လူဖြစ်လိမ့်မည် ။ရုပ်ရည်သန့်
သန့်ပြန့်ပြန်နဲ့ ကြည့်ကောင်းလှသောလူငယ်သည် သူ့အား
တွေ့တော့ အံ့သြရိပ်သန်းနေသောမျက်ဝန်းတွေနဲ့ ငေးကြည့်
နေလေသည် ။

"ရိုး ရိုးဂုဏ်...."

"မင်္ဂလာပါ ကျွန်တော်က ရှေးရိုးဂုဏ်ရဲ့အစ်ကို ရှေးရိုးရာပါ...."

"အော် ဟုတ်ကဲ့ ရိုးဂုဏ်နဲ့အရမ်းတူလို့ ကျွန်တော် တော်တော်
အံ့သြသွားတာ ကျွန်တော်က ရိုးဂုဏ်ရဲ့သူငယ်ချင်းလည်းဟုတ်
သူ့ရဲ့ PA လည်းဟုတ်တဲ့ စွယ်စုံ ပါခင်ဗျ...."

"ဟုတ်ကဲ့ တွေ့ရတာဝမ်းသာပါတယ်...."

"ဒါဆို ကျွန်တော်တို့ဆေးရုံကို အရင်သွားကြတာပေါ့..."

ဆေးရုံ ဆိုသည့်စကားကြောင့် ရိုးရာ မျက်နှာအနည်းငယ်ညိုး
နွမ်းသွားသည်ကို စွယ်စုံ တွေ့လိုက်ရသည် ။
အေးလေ....ညီဖြစ်သူတစ်ယောက်လုံး ဆေးရုံမှာသေကောင်း
ပေါင်းလဲဖြစ်နေတာ ဘယ်အစ်ကိုက ပျော်နေပါ့မလဲလေ ။
အသင့်စောင့်နေသော ကားပေါ်သို့တက်ကာ နှစ်ယောက်သား
ဆေးရုံသို့ဦးတည်ထွက်ခွာလာခဲ့ကြတော့သည် ။
ဆေးရုံသွားနေသော လမ်းတောက်လျှောက် ရိုးရာ ကားအပြင်
လက်သို့ငေးကာ အတိတ်ကအကြောင်းအရာတစ်ချို့ကို
ပြန်တွေးနေမိသည် ။

ဦးရိုးမဟာ နဲ့ ဒေါ်ရှေးရေစက် ဆိုတာ ရိုးရာတို့ညီအစ်ကိုနှစ်
ယောက်ရဲ့ မိဘတွေဖြစ်သည် ။ရိုးရာ နဲ့ ရိုးဂုဏ် အသက်၇နှစ်
လောက်အထိ မိသားစုလေးဟာ ချစ်ခြင်းမေတ္တာတွေနဲ့သာယာ
လှသည် ။
ဒါပေမဲ့ တစ်နေ့မှာတော့ ရိုးရာတို့မိသားစုဘဝထဲ နွယ်ဒါလီ
ဆိုသော မိန်းမတစ်ယောက်ဝင်ရောက်လာပြီးနောက် အများ
ကြီးပြောင်းလဲသွားရတော့သည် ။
ထိုမိန်းမကြောင့် ဖေဖေ နဲ့ မေမေရဲ့အိမ်ထောင်ရေးကတောက်
ကဆဖြစ်ကာ နောက်ဆုံးကွာရှင်းလိုက်ကြပြီးနောက် ရိုးရာ
ကတော့ မေမေနဲ့အမေရိကသို့ပါသွားခဲ့ခြင်းဖြစ်သည် ။
ဖေဖေကတော့ နွယ်ဒါလီဆိုသောထိုမိန်းမယုတ်နဲ့နောက်အိမ်
ထောင်ပြုတဲ့ဟု သတင်းကြားပြီးနောက်ပိုင်း လုံးဝအဆက်အ
သွယ်မရှိတော့ပေ ။
လွန်ခဲ့တဲ့တစ်နှစ်ကမှ ညီဖြစ်သူနဲ့လိုင်းပေါ်မှာအမှတ်မထင်ပြန်
ဆုံခဲ့ခြင်းဖြစ်သည် ။ညီအစ်ကိုနှစ်ယောက် အပြင်မှာဆုံမည်ဟု
တိုင်ပင်ထားပြီးမှ ရိုးဂုဏ်၏သတင်းဆိုးကိုကြားလိုက်ရခြင်း
ဖြစ်သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) حيث تعيش القصص. اكتشف الآن