အပိုင်း - 24 ပထမပိုင်း ( Z + U )

8.1K 683 10
                                    

အပိုင်း ၂၄ (ပထမပိုင်း )

ဒေါ်နွယ်ဒါလီ တစ်ယောက်မိတ်ဆွေတစ်ယောက်အိမ်၌လုပ်
သောဖဲဝိုင်းတွင်အရှုံးကြီးရှုံးကာ စိတ်ညစ်ပြီးအိမ်ပြန်လာခဲ့ရ
တော့သည် ။အိမ်ထဲရောက်ရောက်ချင်း မြင်လိုက်ရသောမြင်
ကွင်းက သူမရဲ့ရင်ကိုဆောင့်ကန်လိုက်သလိုပင် ။
ကြမ်းပြင်ပေါ်လဲကျကာတုန်လှုပ်စွာငိုကြွေးနေသောသမီးအနား
သို့ သူမကပျာကယာပြေးသွားလိုက်တော့သည် ။

"သမီး သမီးလေး ဘာဖြစ်တာလဲ မာမီ့ကိုပြောစမ်း သမီးကို
ဘယ်သူဘာလုပ်လို့လဲ ဘာလို့ငိုနေတာလဲ...."

"မာ မာမီ...."

"အင်း သမီးလေး ဟယ် သမီးရဲ့မျက်နှာ ဘယ်သူလဲ ဘယ်သူ
မာမီ့ရဲ့သမီးလေးကိုရိုက်ရဲတာလဲ...."

"သူ သူ...."

ဆူးခနွယ် တုန်တုန်ရင်ရင်နဲ့ အရှေ့တွင်မတ်တပ်ရပ်နေသော
ရိုးရာအားလက်ညိုးထိုးပြလေသည် ။

"မင်း မင်းကငါ့သမီးကိုရိုက်တယ်ပေါ့ ဟုတ်လား...."

ဒေါ်နွယ်ဒါလီ မကျေမနပ်ဖြင့် ရိုးရာ အားလက်ညိုးငေါက်ငေါက်
ထိုးကာဒေါသတကြီးမေးလာလေသည် ။ရိုးရာ ကတော့ သူ့အရှေ့ကအဒေါ်ကြီးအားဂရုမစိုက်သလို ကြည့်လိုက်ပြီး
အပြုံးမပျက်မျက်နှာနဲ့ပြန်ဖြေလိုက်သည် ။

"ဟုတ်တယ် အစ်ကိုတစ်ယောက်အနေနဲ့ညီမဖြစ်သူကိုဆုံးမ
တာလေ ကျွန်တော်တို့ကမိသားစုတွေပဲ မဟုတ်ဘူးလား
အဒေါ်ကြီးရဲ့...."

"ဘာ...."

"ကိုယ်နဲ့မဆိုင်တဲ့အရာကို လောဘတက်တယ် အဲ့ဒီ့လောဘ
ကြောင့်သူတစ်ပါးကိုအကောက်ကြံတယ် ကျွတ် ကျွတ်
ကြည့်ရတာမိဘရဲ့ဆိုဆုံးမမှုမခံယူခဲ့ရဘူးထင်တယ် အဲ့ဒါကြော
င့်ကျွန်တော်ကစေတနာနဲ့ဆုံးမပေးတာပါ...."

"ဘာ နင်လိုကောင်မျိုးကများ ငါ့သမီးကိုဆုံးမတယ်ဟုတ်လား
နင် နင်လိုကောင်မျိုးကများ ရာရာစစ...."

"စကားပြောဆင်ခြင်ပါ အဒေါ်ကြီး နင်လိုကောင်မျိုးဟုတ်လား
ကျွန်တော်ကဒီအိမ်ကြီးရဲ့အရှင်သခင် ဦးရိုးမဟာရဲ့သား
ဒီအိမ် ဒီပိုင်ဆိုင်မှုအားလုံးကို အနာဂတ်မှာဆက်ခံရမယ့်သူ
ကျွန်တော်လိုကောင်မျိုးကဆုံးမပေးတာ အဒေါ်ကြီးရဲ့သမီးက
ဂုဏ်တောင်ယူရဦးမယ် ဟုတ်တယ်နော် ဦး...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now