အပိုင်း - 3 ( Z + U )

11.3K 989 21
                                    

အပိုင်း ၃

ရိုးရာ အိပ်ရာထတော့ အချိန်ကား ၉ နာရီထိုးနေပြီဖြစ်သည် ။
ညတုန်းက နိုင်ငံခြားကလာသော mail တွေကိုပြန်စစ်နေရင်း
ညဥ့်နက်သွားတာကြောင့် ယခုမနက်တွင်အိပ်ရာထနောက်ကျ
ခြင်းဖြစ်သည် ။
ရိုးရာ အောက်ထပ်ကိုဆင်းလာတော့ အလုပ်သမားတွေ
ကိုယ်စီအလုပ်ရှုပ်နေကြတာကို တွေ့လိုက်ရသည် ။သို့ပေမဲ့
ရိုးရာ ကတော့စိတ်မဝင်စားသလို အားလုံးကိုလျစ်လျူရှုကာ
ထမင်းစားခန်းဘက်ထွက်လာခဲ့လိုက်သည် ။

"အော် မင်းတောင်နိုးလာပြီကိုး...."

ထမင်းစားခန်းထဲဝင်ဝင်ချင်း ထမင်းစားပွဲတွင်ရှိနေကြသော
ဒေါ်နွယ်ဒါလီတို့သားအမိသုံးယောက်ကို တွေ့လိုက်ရလေသည်။
ရိုးရာကိုတွေ့တော့ အထင်အမြင်သေးတဲ့မျက်ဝန်းတွေနဲ့
ဝိုင်းကြည့်နေကြလေသည် ။ရိုးရာ ကတော့ထိုမျက်ဝန်းတွေကို
မသိချင်ယောင်ဆောင်ကာ ထမင်းစားပွဲတွင်ဝင်ထိုင်လိုက်လေ
သည် ။

"ဖေဖေရော ကုမ္ပဏီသွားပြီလား...."

"သွားပြီပေါ့ ဘယ်အချိန်ရှိနေပြီလဲ ဟွန့်...."

ဆူးခနွယ်ဆီက မကျေနပ်သံထွက်လာလေသည် ။ရိုးရာ
အိပ်ရာထနောက်ကျတာကို ဒင်းတို့တွေမကျေမနပ်ဖြစ်နေမှန်း
ရိုးရာသိပါသည် ။

"အင်း ညကအိပ်ရာဝင်နောက်ကျသွားတာနဲ့.... "

ရိုးရာ ကိုယ့်ဘာသာရေရွတ်သလိုနဲ့ပြောလိုက်လေသည် ။
ဒေါ်နွယ်ဒါလီက ရိုးရာ အားစူးရဲစွာစိုက်ကြည့်ကာ

"နောက်နေ့အိပ်ရာစောစောထရင် ကောင်းမယ် ရိုးဂုဏ် ဒီအိမ်မှာ
အလုပ်သမားတိုင်း မနက်စောစောထရတယ်...."

"ပြောလိုက်ပါဦး မာမီ အတိတ်မေ့နေတာဆိုတော့ အိမ်ရဲ့စည်း
ကမ်းတွေကိုမမှတ်မိတော့ဘူးထင်တယ်...."

ဒေါနွယ်ဒါလီရဲ့စကားကြောင့် ရိုးရာ စိတ်ထဲမှလှောင်ရယ်လိုက်
မိတော့သည် ။

ဟက်...ဒီမိန်းမကြီးက ငါ့ကိုအိမ်ကအလုပ်သမားသာသာ
သဘောထားနေတာကိုး....

"အိမ်ကအလုပ်သမားတိုင်း မနက်စောစောထရတာဟုတ်ပါပြီ
ဒါပေမဲ့ ကျွန်တော်က ဒီအိမ်ကအလုပ်သမားမှမဟုတ်တာ
အဒေါ်ကြီးမေ့နေတာလား...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now