Extra 2 ( Z + U )

5.4K 433 35
                                    

Extra 2

အဖြူရောင်မွေ့ယာပေါ်မှာ သတိလစ်မေ့နေသော ကောင်
ငယ်လေး၏ဘေးတွင် ရပ်ဝန်းခ တိတ်တဆိတ်ထိုင်နေမိ
လေသည် ။နဖူးထက်က ပတ်တီးဖြူဖြူတို့ကိုမြင်တိုင်း
ရပ်ဝန်းခ ရင်တွေအဆမတန်နာကျင်ရပါသည် ။

ဘယ်လောက်တောင် နာကျင်နေလိုက်မလဲ ဂုဏ်လေးရယ်
ကိုကိုမကောင်းတာပါ ကိုကိုအသုံးမကျလို့ ဂုဏ်လေးအခုလို
နာကျင်ရတာ....

လက်ဖဝါးလေးအားအသာဆုပ်ကိုင်ကာ ရင်ထဲကနေ
တိုးတိတ်စွာတောင်းပန်နေမိတော့သည် ။
ဂုဏ်လေးရဲ့မိဘ နဲ့ အစ်ကိုဖြစ်သူကိုတော့ ဂုဏ်လေး
နေမကောင်းဖြစ်သည်ဟု လှမ်းအကြောင်းကြားထားလိုက်
သည် ။နောက်တစ်ရက်နှစ်ရက်ဆို ပြန်ရောက်လာကြတော့
မယ်ထင်သည် ။အဆိုးလေးကတော့ သူ့ကိုအလိုလိုက်မယ့်
သူတွေရောက်လာပြီဆိုပြီး ပျော်နေမှာမြင်ယောင်ပါသေး
သည် ။ရပ်ဝန်းခ ထိုသို့တွေးမိတော့ နှုတ်ခမ်းတို့ကမပြုံးပဲ
မနေနိုင်တော့ပေ ။

"အင်းမ်....."

ရပ်ဝန်းခ အတွေးများနေတုန်း ညည်းသံသဲ့သဲ့နဲ့အတူ
တဖြေးဖြေးနိုးလာသော ဂုဏ်ငယ် ။မျက်တောင်ရှည်ရှည်
လေးတွေဝန်းရံထားသောမျက်လုံးဝိုင်းဝိုင်းလေးတွေ
တဖျတ်ဖျတ်ခတ်ကာ ပွင့်လာလေသည် ။အသိစိတ်ဝင်တစ်
ချက်မဝင်တစ်ချက်မို့ထင် မျက်မှောင်လေးအတန်ငယ်
ကြုတ်ကာ ပတ်ဝန်းကျင်ကိုစူးစမ်းနေလေသည် ။လုပ်နေ
သောအပြုအမူလေးက ချစ်ဖို့ကောင်းလွန်းလို့ ရပ်ဝန်းခ
အသည်းတယားယားဖြစ်မိတော့၏ ။

"ဂုဏ်လေး အဆင်ပြေရဲ့လား ခေါင်းရောကိုက်နေသေး
လား ကလေးလေး...."

ရပ်ဝန်းခ၏စကားသံကြောင့် ကိုယ်လေးဆတ်ခနဲတုန်သွား
ကာ သတိပြန်ဝင်လာဟန်သူ့အားမော့ကြည့်လာလေသည် ။
သူ့အားမြင်လိုက်သည်နှင့် မျက်လုံးလေးများဝိုင်းစက်သွား
ကာ မျက်နှာပေါ်၌ထိတ်လန့်သွားဟန်အရိပ်အယောင်များ
ထွက်ပေါ်လာလေသည် ။ရပ်ဝန်းခလည်း ဂုဏ်လေးရဲ့
ရုတ်တရက်အပြုအမူကြောင့် စိတ်ထဲထင့်ခနဲဖြစ်သွားရ
သည် ။

"ဂုဏ်လေး....."

"ရပ် ရပ်ဝန်းခ....."

ဂုဏ်လေးရဲ့နှုတ်ခမ်းထက်မှထွက်ကျလာသော သူ့နာမည်
ကြောင့် ရပ်ဝန်းခ ထိတ်လန့်သွားရလေတော့သည် ။
မဟုတ်မှလွဲရော ဂုဏ်လေး.....

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now