အပိုင်း - 17 ( Z + U )

8.6K 775 6
                                    

အပိုင်း ၁၇

"ကိုကို...."

ရပ်ဝန်းခ အိပ်မောကျနေတုန်း မျက်နှာထက်ကျရောက်လာ
သည့် နူးညံ့သည့်အထိအတွေ့နဲ့အတူ နားထဲခပ်သဲ့သဲ့ဝင်လာ
သောအသံတိုးတိုးလေးကြောင့် နိုးလာခဲ့တော့သည် ။
မျက်လုံးဖွင့်ဖွင့်လိုက်ချင်းမြင်လိုက်ရသည်က လှပရှင်းသန်း
သောမျက်နှာနုနုလေးကိုဖြစ်သည် ။သွားဖြူဖြူလေးတွေပေါ်
သည်အထိပြုံးပြနေသည်လေးက မြင်ရသူကိုကြင်နာသနားပိုစေ
လေသည် ။

"ကိုကို ထတော့ သားဗိုက်ဆာတယ်...."

မျက်နှာလှလှလေးကိုငမ်းကာအတွေးကောင်းနေတုန်း လက်
မောင်းကိုအတင်းလှုပ်ကာထခိုင်းနေသောကိုယ်တော်ချောလေး
ကြောင့် ရပ်ဝန်းခ ညစ်ကျယ်ကျယ်အတွေးလေးဝင်လာကာ
ပြန်ပြီးအိပ်ချင်ယောင်ဆောင်နေလိုက်သည် ။
သကောင့်သားလေးကတော့ လက်မလျှော့ပဲ သူ့အားအတင်း
လှုပ်နှိုးနေဆဲ ။ရပ်ဝန်းခလည်းမသိချင်ယောင်ဆောင်ကာ
မျက်စိကိုမှိတ်ထားတုန်း ဘေးနားကကောင်လေးကငြိမ်သွား
လေသည် ။လက်လျှော့သွားပြီလားဟုတွေးနေတုန်း ဝမ်းဗိုက်
သည်အိခနဲဖြစ်သွားတာကြောင့်မျက်လုံးဖွင့်ကြည့်လိုက်တော့
ကိုယ်တော်ချောလေးက သူ့ဗိုက်ပေါ်တွင်ခပ်တည်တည်နဲ့
ခွထိုင်နေလေသည် ။

"သားဗိုက်ဆာပါတယ်ဆို ကိုကိုကလူဆိုးကြီးပဲ...."

လက်လေးပိုက်ကာသူ့အားဆရာကြီးလေသံနဲ့နှုတ်ခမ်းတစူစူနဲ့
ပြောလာသောကောင်လေးကိုကြည့်ကာ ရပ်ဝန်းခ အူယားလာ
ပြီးရယ်ချလိုက်မိတော့သည် ။

"မင်းဟာလေ တကယ်စိတ်ရှုပ်စရာလေး...."

နှာခေါင်းလေးကိုအသဲယားသလိုဆွဲညစ်လိုက်တော့ကောင်လေးကပြဲလန်နေအောင်အော်လေသည် ။
ရပ်ဝန်းခလည်းထပ်မစတော့ပဲ အိပ်ရာမှကုန်းထကာ
ကောင်လေးအတွက်မနက်စာပြင်ပေးရန်စီစဉ်လိုက်တော့သည်။
အခန်းအပြင်ထွက်လာတော့ အပြင်ထွက်ရန်အဆင်သင့်ဖြစ်နေ
ပြီဖြစ်သောခွန်းနောင်ကိုတွေ့လိုက်ရသည် ။

"နိုးလာပြီလား ရပ်ဝန်း...."

"မင်းကဘယ်သွားမလို့လဲ..."

"ချိန်းထားတာရှိလို့ ငါသွားပြီ...."

ပျာတိပျာယာနဲ့ထွက်သွားသော သူငယ်ချင်းဖြစ်သူကိုကြည့်ကာ
ရပ်ဝန်းခ ခေါင်းသာခါယမ်းမိတော့သည် ။
နောက်ကနေအင်္ကျီစကိုလာဆွဲသောကောင်လေးကြောင့်
မနက်စာပြင်ပေးရမှာကိုသတိရသွားပြီး မီးဖိုခန်းသို့ဦးတည်
လိုက်တော့သည် ။ကိုယ်တော်လေးကတော့ သူ့အင်္ကျီစကို
ဆွဲလျက်သားနောက်ကတကောက်ကောက်လိုက်နေလေသည်။
နောက်ဆုံးတော့ မလုပ်တတ်လုပ်တတ်နဲ့ပြင်ဆင်ထားသော
ကြက်ဥထမင်းကြော်လေးနဲ့နွားနို့တစ်ခွက်အားကောင်လေးရှေ့
ချပေးလိုက်တော့သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now