အပိုင်း - 13 ( Z + U )

9.4K 808 12
                                    

အပိုင်း ၁၃

ရိုးရာကတော့ သူ့ဘဲကြီး မပြေးသွားလို့ ပါသွားလေရဲ့ ။ကျန်ခဲ့
သောစွယ်စုံကတော့ သူ့အားအရသာရှိသောအသားတုံးကို
ကြည့်သလို တလက်လက်တောက်ပနေသော မျက်လုံးတွေနဲ့
ကြည့်နေကြသောမောင်နှမနှစ်ယောက်ကြောင့် ဇောချွေးတွေ
တောင်ပြန်နေလေသည် ။

"ဟို ဟို အချိန်လည်းမရှိတော့ဘူးဆိုတော့ ကျွန်တော်တို့သွား
ကြတော့မလား...."

အနေရခက်စွာ ပြောပြီးသည်နှင့် ရှေ့ကခပ်သုတ်သုတ်ပြေး
ထွက်လာခဲ့တော့သည် ။

"ဟဲ့ ချစ်စရာလေးနော်...."

အရှေ့ကနေလုံးတုံးလုံးတုံးပြေးထွက်သွားသောကောင်လေး
အားကြည့်ကာ ချစ်ခွန်းခြွေ ဆိုလေသည် ။ခိုက်ကတော့
သူ့အစ်မကိုမကြည်သလိုစောင်းကြည့်ပြီး

"He is mine sister...."

ပြောပြီးသည်နှင့် အသေးလေးနောက်သို့ပြေးလိုက်သွားလေ
တော့သည် ။ခြွေ ကတော့မောင်ဖြစ်သူအားမနိုင်ဘူးဆိုသည့်
သဘောနှင့် ခေါင်းကိုခါယမ်းလိုက်မိတော့သည် ။

အာရီးဂူး....မနိုင်ဘူး တကယ်....

Time skip >>>

ရိုးရာ ခိုက်တို့မောင်နှမနှစ်ယောက်နေဖို့ ဆိတ်ငြိမ်သောရပ်ကွက်
တစ်ခုတွင် ခြံတစ်ခြံကိုပြင်ပေးထားလေသည် ။
အိမ်လေးက နှစ်ထပ်တိုက်အိမ်ဖြစ်ပြီး ဥယျာဉ်အသေးစားလေး
လည်းခြံထဲတွင်ပြင်ဆင်ပေးထားတာကြောင့် အေးချမ်းလှပြီး
နေချင်စဖွယ်ကောင်းလှပါသည် ။

"ဝါး အိမ်လေးကချစ်စရာလေး...."

ခြွေ ကသဘောကျစွာလက်ခုပ်လက်ဝါးတီးရင်း ပြောလေသည်။
ခိုက်လည်းအိမ်လေးကို တော်တော်သဘောကျပါသည် ။
ခိုက်တို့မောင်နှမ ခြံလေးကိုလှည့်ပတ်ကြည့်နေတုန်း စွယ်စုံ
ကတော့ကားပေါ်မှအထုပ်အပိုးတွေကို အိမ်ထဲတောင်သွင်းပြီး
နေပြီဖြစ်သည် ။

"ဟို...."

အသေးလေးရဲ့ခေါ်သံကြောင့် ခိုက် ပန်းပင်လေးတွေကိုငေးနေ
ရာမှချက်ချင်းလှည့်ကြည့်လိုက်တော့သည် ။

"အထုပ်အပိုးတွေအကုန်လုံး အိမ်ထဲသွင်းပေးပြီးပြီနော်...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Waar verhalen tot leven komen. Ontdek het nu