အပိုင်း - 7 ( Z + U )

10.6K 941 16
                                    

အပိုင်း ၇

အရှင်သခင် အိပ်ပျော်နေတုန်း နားထဲတွင်အော်သံလိုလိုအသံ
တစ်ခုကြားလိုက်ရတာကြောင့် ဆတ်ခနဲလန့်နိုးသွားရသည် ။
အိပ်ချင်မူးတူးနဲ့ဘေးကိုငဲ့ကြည့်လိုက်တော့ သူ့အားမျက်လုံးပြူး
မျက်ဆံပြူးနဲ့ကြည့်နေသော ကောင်လေးအားတွေ့လိုက်ရ
သည် ။

"ခင် ခင်ဗျား....."

"အင်း နိုးတောင်နိုးနေပြီလား...."

သခင် အပျင်းကြောတစ်ချက်ဆန့်လိုက်ရင်း ကုတင်ပေါ်မှဆင်း
လိုက်တော့သည် ။ဘောင်းဘီတိုလေးတစ်ထည်သာ ဝတ်ထား
သောသခင်၏ ရင်အုပ်ကျယ်ကျယ်နဲ့ဝမ်းဗိုက်ကြွက်သားများ
အားကြည့်ကာ ကောင်လေးခမျာ ပါးစပ်အဟောင်းသားဖြင့် ။

"မင်း အဆင်ပြေရဲ့လား...."

Bathrobe တစ်ထည်ကောက်ဝတ်ကာ ပုံမှန်လေသံဖြင့်မေး
လာသော အရှင်သခင် ကြောင့် ရိုးရာတစ်ယောက် ယခုလက်ရှိ
မိမိအခြေအနေအားပြန်သတိရကာ ဒေါသတွေထွက်လာရပြန်
သည် ။

"ခင်ဗျား ကျွန်တော့်ကိုဘာလုပ်လိုက်တာလဲ ကျွန်တော်ကရော
ဘယ်လိုလုပ်ပြီး ဒီကိုရောက်နေတာလဲ...."

"မင်း ဘာမှမမှတ်မိဘူးလား...."

"မှတ်မိနေရင် ခင်ဗျားကိုအလကားသက်သက်လေကုန်ခံပြီး
မေးနေပါ့မလား..."

ကောင်လေးရဲ့ခပ်စွာစွာတုန့်ပြန်ချက်ကြောင့် သခင် ဘာကြောင့်
မှန်းမသိသဘောကျမိသွားကာ ပြုံးလိုက်မိတော့သည် ။
ဒါကိုတွေ့သွားသော ကောင်လေးက သူ့အားတစ်မျိုးထင်သွား
ကာ

"ခင်ဗျား အခုကျွန်တော့်ကိုလှောင်လိုက်တာလား...."

"..........."

"ခင်ဗျားက ကျွန်တော့်ကိုလှောင်တယ်ပေါ့ ရာရာစစ ခင်ဗျားက
အား လူယုတ်မာကြီး ခင်ဗျားကျွန်တော့်ကိုညက ယုတ်မာလိုက်
တယ်ပေါ့ဟမ် ခင်ဗျား ခင်ဗျားကိုရဲတိုင်မယ် အမှုဖွင့်မယ်
တရားစွဲမယ် မုဒိန်းကောင်ကြီး တဏှာရူးကြီး...."

ဘုရားရေ....လူတိုင်း ရိုသေလေးစားကြောက်ရွံ့ရတဲ့ စီးပွားရေး
လောကရဲ့ဘုရင် ဦးအရှင်သခင်အား ယခုလိုမှိုချိုးမျစ်ချိုးပြော
တာဆိုလို့ ဒင်းလေးတစ်ယောက်သာရှိသည် ။
အရှင်သခင်လည်း ထိုကောင်လေးပါးစပ်ထဲရောက်မှ လူယုတ်
မာဘဝလုံးလုံးရောက်ရတော့သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now