Extra 1 ( Z + U )

4.7K 406 42
                                    

Extra 1

ရိုးကမ္ဘာ စံအိမ်ကြီးရဲ့ သာယာသောနေ့တစ်နေ့ ။
သို့သော် သိပ်မကြာခင်မှာပဲ ထိုသာယာမှုများပျက်စီးသွားရ
လေတော့သည် ။
ကမ္ဘာမြေကြီးတုန်ဟီးသွားနိုင်လောက်သည်အထိ ကျယ်
လောင်လှသည့်ငိုသံတစ်ခု ထိုစံအိမ်ကြီးထဲမှထွက်ပေါ်လာ
သောကြောင့် ဖြစ်လေသည် ။

"မရဘူး မရဘူး ရေခဲမုန့်ပဲစားမှာ အီး ဟီးး...."

"မရဘူးလေကွာ ဂုဏ်လေးမှနေမကောင်းတာ ရေခဲမုန့်
စားလို့မရသေးဘူး ဂုဏ်လေးရဲ့ ကိုကို့ကလေးလေးက
လိမ္မာပါတယ် ဒီဆန်ပြုတ်လေးပဲ...."

"ဟင့်အင်း အဲ့ဆန်ပြုတ်ကြီးမစားဘူး ရေခဲမုန့်ပဲစားချင်တာ
ရေခဲမုန့်...."

ဘယ်လိုမှပြောမကောင်းသော ဂုဏ်ငယ်ကြောင့် ရပ်ဝန်းခ
တစ်ယောက်ခေါင်းကျိန်းလာရသည် ။မနေ့ကညနေလောက်
ကရပ်ဝန်းခတစ်ယောက်အလုပ်ရှုပ်နေတုန်း မောင်မင်းကြီး
သားလေးက ရေချိုးခန်းထဲဝင်ပြီးကမြင်းနေတာ တစ်ကိုယ်
လုံးကိုရွှဲရွှဲစိုလို့ ၊ညရောက်တော့ အဖျားတွေတက်ပြီး
ကယောင်ကတမ်းတွေဖြစ်ပါရော ။
ဆေးတိုင်ထားလို့အဖျားကျသွားပြီဆိုပေမဲ့ အခုထိကိုယ်
လေးကနွေးတေးတေးမို့ စိတ်ချလို့မရသေးပေ ။ဒါကိုတောင်
ရေခဲမုန့်စားချင်ပါသည်ဆိုပြီး အတင်းတွေဂျီကျနေသော
ဂုဏ်ငယ်ကြောင့် ရပ်ဝန်းခ ခေါင်းကိုသာတဗြင်းဗြင်းကုတ်နေ
မိတော့သည် ။

"အဆိုးလေးကွာ ဆိုးလိုက်တာ...."

"ဟင့်....."

"ဟောဗျာ...."

သူ့ကိုအဆိုးလေးလို့ခေါ်လိုက်မိတော့ မျက်လုံးဝိုင်းဝိုင်းကြီး
တွေထဲကမျက်ရည်ဘူးသီးလုံးကြီးတွေထွက်လာပြီး
နှုတ်ခမ်းရဲရဲလေးကမဲ့တဲ့တဲ့ဖြစ်လာသည် ။ဒီဟာလေးက
ရပ်ဝန်းခရဲ့အားနည်းချက်ကို လုံးဝသိနေတော့တာပဲ ။
တကယ့် အဆိုးသန့်သန့်လေး ။

"မငိုပါနဲ့ကွာ ကိုကိုမှားပါတယ် ဒါပေမဲ့ ရေခဲမုန့်တော့စားလို့
မရသေးဘူးလေ ဘေဘီမှနေမကောင်းသေးတာ..."

"သားက ရေခဲမုန့်ပဲစားချင်တာကို...."

သူ့ရင်ခွင်ထဲခေါင်းလေးတိုးဝင်ပြီး ခပ်တိုးတိုးလေးပြောလာ
သည့် အဆိုးလေးက တကယ်အလိုလိုက်ချင်စရာလေး ။
ဒါပေမဲ့ ဒီကိစ္စကအလိုလိုက်လို့မရတဲ့ကိစ္စမို့ ရပ်ဝန်းခ
စိတ်ကိုမနည်းတင်းထားရသည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now