အပိုင်း - 28 ပထမပိုင်း ( Z + U )

7.9K 684 14
                                    

အပိုင်း ၂၈ ( ပထမပိုင်း )


"မာမီ အားလုံးအဆင်ပြေရဲ့လား...."

"စိတ်မပူပါနဲ့ သမီးရယ် မနက်ဖြန်ဆို Mahar group နဲ့
ရိုးကမ္ဘာစံအိမ်က မာမီတို့အပိုင်ဖြစ်တော့မှာ..."

မာမီ့ရဲ့စကားကြောင့် ဆူး ကျေနပ်စွာပြုံးလိုက်မိသည် ။
ကျေနပ်သည် ။သူမ သိပ်ကျေနပ်သည် ။ရှေးရိုးဂုဏ်ဆိုတဲ့ကောင် လည်းသေပြီ ၊အရူးလိုဖြစ်နေသည့် ရှေးရိုးရာကလည်း ယခုသူမတို့လက်ထဲတွင်ရှိနေသည်မဟုတ်
ပါလား ။
သူမအရမ်းမုန်းရသောအမွှာညီအစ်ကိုနှစ်ယောက်လုံး ပျက်စီး
သွားတာကိုသူမလိုချင်သည် ။အခုတစ်ယောက်တော့သေပြီ ၊
နောက်တစ်ယောက်ကလည်းသိပ်မကြာတော့ပါ ။

အခုချိန်ဆို ဦးသခင် တစ်ယောက်ဘယ်လောက်တောင် အရူး
မီးဝိုင်းနေလိုက်မလဲ ။သူမလိုလှပပြီးထက်မြက်တဲ့မိန်းကလေး
တစ်ယောက်ကိုပစ်ပယ်ပြီး ဘာမဟုတ်တဲ့အခြောက်လိုကောင်
ကိုရွေးချယ်ခဲ့တာကြောင့် ဒီလောက်တော့ခံစားသင့်သည်ဟု
သူမထင်သည် ။

ရှင်တစ်နေ့ကျွန်မအရှေ့မှာ ဒူးထောက်ခစားလာရတော့မှာပါ
ဦးသခင်....

ဆူးခနွယ် ကိုယ့်အတွေးနဲ့ကိုယ်သဘောကျကာရယ်လိုက်မိ
တော့သည် ။နောက်ဆုံးမှာ အောင်နိုင်သူက ဆူးခနွယ်ဆိုသော
သူမသာဖြစ်ရမည် ။

"မမလေး...."

လူတစ်ယောက်ရဲ့ခေါ်သံကြောင့် သူမရဲ့အတွေးစတွေပြတ်
တောက်သွားရလေသည် ။လှည့်ကြည့်လိုက်တော့ သူမတို့
အတွက်ဘုဏ်းမီးလျှံပို့ပေးထားသောလူမိုက်တွေထဲကတစ်ဦး
ဖြစ်နေသည်ကိုတွေ့ရသည် ။

"ဘာလဲ...."

"ဟိုကောင်လေး ငိုနေပြန်ပြီ...."

"ကျစ် အဲ့ဒါငါ့ကိုဘာလို့လာပြောနေတာလဲ နင်တို့ဘာသာကြည့်
ကြပ်လုပ်လိုက်ကြပေါ့ဟဲ့ ဒီလောက်လေးတောင်မလုပ်တတ်ကြ
ဘူးလား ဘာမဟုတ်တဲ့ကောင်လေးတစ်ယောက်ကိုတောင်
သေချာမကြည့်နိုင်ဘူး သွား လုပ်ချင်တာသာလုပ်ကြ ငါ့ကို
လာမရှုပ်နဲ့...."

သူမစိတ်ရှုပ်ရှုပ်နဲ့အော်ပြောလိုက်တော့ ထိုလူကဘာမှဆက်
မပြောတော့ပဲ ထွက်သွားလေတော့သည် ။
ရှေးရိုးရာအားထားထားသည့်အခန်းမှငိုသံသဲ့သဲ့အားသူမအခန်း
ကနေတောင်ကြားနေရလေသည် ။
ဆူးခနွယ် စိတ်ပျက်လက်ပျက်နဲ့ နှာခေါင်းအားရှုံ့လိုက်မိတော့
သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now