အပိုင်း - 4 ( Z + U )

10.8K 922 19
                                    

အပိုင်း ၎

တစ်နေကုန်တစ်နေခမ်း လျှောက်သွားလို့အပြီး အိမ်သို့ပြန်လာ
ခဲ့ကြတော့သည် ။အိမ်သို့ရောက်တော့ ဖေဖေတောင် အလုပ်မှ
ပြန်ရောက်နေပြီဖြစ်သည် ။ညစာကိုတော့ အပြင်မှာပဲတစ်ခါ
တည်းစားလာခဲ့သည်မို့ ဖေဖေ့ကိုနှုတ်ဆက်ကာ အပေါ်ထပ်သို့
တက်လာခဲ့တော့သည် ။
ရေမိုးချိုးအဝတ်အစားလဲပြီး စာကြည့်စားပွဲတွင်ဝင်ထိုင်ကာ
လက်ပ်တော့ကိုဖွင့်ပြီး သုတ ဆိုတဲ့တစ်ယောက်ပေးသွားသော
USB ကိုထိုးကြည့်လိုက်တော့သည် ။

"ဟင်....."

Screen ထက်တွင်ပေါ်လာသော ရုပ်ပုံတွေကြောင့် ရိုးရာ
မျက်လုံးပြူးကာ ထိတ်လန့်သွားရသည် ။

ဒါ ဒါ ဒါတွေက.....

လူသုံးယောက်က ကောင်လေးတစ်ယောက် အတင်းချုပ်နှောင်
မဟုတ်တရုတ်လုပ်နေသော ဗီဒီယိုင်ဖိုင်တစ်ခုဖြစ်နေသည် ။
ကောင်လေးရဲ့အင်္ကျီတွေကလည်း စုတ်ပြဲကာ တစ်ကိုယ်လုံး
ရစရာမရှိအောင်ဖရိုဖရဲဖြစ်နေလေသည် ။
လူသုံးယောက်၏ ကျေနပ်သဘောကျနေသော လှောင်ရယ်သံ
တွေ ကောင်လေး၏ငိုယိုတောင်းပန်သံတွေ အဲ့ဒါတွေအားလုံးကို
ရိုးရာ နားကြပ်မှတဆင့် သေချာရှင်းလင်းစွာကြားနေရလေ
သည် ။
နီရဲနေသောမျက်ဝန်းတွေမှ ပါးပြင်ထက်သို့စီးကျလာသော
မျက်ရည်တွေကို ရိုးရာ မသုတ်မိ ။ပါးပြင်ထက်သို့ မျက်ရည်တွေ
စီးကျနေသလို ရိုးရာ ၏နှလုံးသားတွင်လည်း သွေးစိမ်းရှင်ရှင်
များစီးကျနေလေသည် ။
ထိုဗီဒီယိုထဲက ငိုယိုတောင်းပန်နေသော ကောင်လေးသည်
အခြားသူမဟုတ် ။ရိုးရာ နှင့်ရုပ်ချင်းခွဲမရအောင် တူသော
ရိုးရာ သိပ်ချစ်ရသော ညီဖြစ်သူ ရိုးဂုဏ် ပင်ဖြစ်သည် ။
အနိုင်ကျင့်နှိပ်စက်နေကြသူတွေဆိုတာလည်း အခြားသူတွေ
မဟုတ် ၊ ဒီဗီဒီယိုဖိုင်အား ပေးခဲ့သော သုတ နှင့် သူ့သူငယ်ချင်း
နှစ်ယောက်ပင်ဖြစ်လေသည် ။

တောက် ‼

သုတ....မင်းအတွက် မနက်ဖြန်ဆိုတာ မရှိတော့ဘူး....

ရိုးရာ ညီဖြစ်သူအတွက် အတော်ကိုစိတ်မကောင်းဖြစ်မိပါသည်။
သူတောင်မထင်မှတ်ထားတဲ့ ဒုက္ခတွေ အစော်ကားခံရမှုတွေကို
ဂုဏ် ဘယ်လိုမျိုးတောင့်ခံထားရသလဲဟု တွေးတောမိရင်း
ရိုးရာ မိမိကိုမိမိသာ အပြစ်တင်မိတော့သည် ။
သူ ဒီထက်ပိုပြီး စောစောသာ ဂုဏ့်အားလာတွေ့ခဲ့ရင် ဂုဏ်
ဒီလိုမျိုးတွေခံစားရမှာမဟုတ်ပေ ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now