အပိုင်း - 26 ( Z + U )

7.9K 676 11
                                    

အပိုင်း ၂၆

"ကိုကို သားအိပ်ချင်တယ်...."

နှုတ်ခမ်းနားမှာပေပွနေသော မုန့်စလေးတွေကိုလက်နဲ့အသာ
သုတ်ပေးနေတုန်း ဝါးခနဲသမ်းကာပြောလာသောကောင်လေး ။
ဗိုက်တင်းသွားလို့အိပ်ချင်သွားသည်ထင်သည် ။တဝါးဝါးသမ်း
နေတောင်မျက်ရည်တွေတောင်ဝဲလာလေပြီ ။

"အင်း ကိုကိုနဲ့အတူအိပ်မယ်နော်..."

"အွန်း...."

ကုတင်ပေါ်တွင်နှစ်ယောက်သားဘေးချင်းယှဉ်အိပ်ကာ
ရပ်ဝန်းခ ကောင်လေးကိုရင်ခွင်ထဲထည့်ထားပြီးထွေးပွေ့ထားမိ
သည် ။တဖြေးဖြေးအိပ်မောကျသွားသော ကောင်လေးအား
ကြည့်ကာ ရပ်ဝန်းခ သက်ပြင်းတစ်ချက်ရှိုက်လိုက်မိသည် ။

"ကိုကို ဘာဆက်လုပ်ရမလဲ ကောင်လေးရယ်...."

နဖူးစပ်ကဆံစလေးတွေကို အသာသပ်တင်ပေးလိုက်ရင်း
နဖူးပြေပြေလေးကိုခပ်ဖွဖွနမ်းလိုက်မိတော့သည် ။

"အင်းး ကိုကို...."

တအင့်အင့်ညည်းရင်း သူ့ရင်ခွင်ထဲတိုးဝင်လာသော ကိုယ်သေး
သေးလေးကြောင့် ရပ်ဝန်းခ နှုတ်ခမ်းတွင်အပြုံးတို့ဖြစ်တည်လာ
ရသည် ။ရိုးရာပြောခဲ့သလို ကောင်လေးကအခြားသူတွေထက်
စာရင်သူ့ကိုပို၍ခင်တွယ်သည်ဆိုတာအမှန်ပင် ။
ဖြူစင်တဲ့ကောင်လေးကဘာမှမသိနားမလည်စွာ သူလိုလူယုတ်
မာတစ်ယောက်ကိုခင်တွယ်နေတော့ ရပ်ဝန်းခ စိတ်မသက်မ
သာလည်းဖြစ်မိလေသည် ။

ကိုယ်လိုကောင်က မင်းကိုချစ်ခွင့်ရှိပါ့မလား....

မချစ်သင့်ဘူးဆိုတာသိပေမဲ့ သူ့နှလုံးသားတွေကဒီကောင်လေး
မှဒီကောင်လေးဖြစ်နေသည်မဟုတ်ပါလား ။
ရိုးရာကိုချစ်မိတုန်းကတောင် ဒီလိုခံစားချက်မျိုးမခံစားမိပေ ။
ရှေးရိုးရာဆိုသောအကောင်ပေါက်ကသူ့နှလုံးသားအတွက်
ပထမဆုံးအချစ်ဖြစ်သလို ယခုရှေးရိုးဂုဏ်ဆိုသောကောင်လေး
ကတော့သူ့ရဲ့နောက်ဆုံးအချစ်ဖြစ်ပေသည် ။
အချစ်ဆုံး ၊အမြတ်နိုးဆုံး ၊တန်ဖိုးအထားရဆုံး လူသားလေးပင်။

အရာအားလုံးကို ဆုံးရှုံးရမယ်ဆိုရင်တောင် မင်းလေးတစ်
ယောက်ကိုတော့ပိုင်ဆိုင်ပါရစေ....

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now