Extra 3

4.1K 215 48
                                    


Extra 3

ရှေးရိုးဂုဏ်တစ်ယောက် အတိတ်ကိုပြန်မှတ်မိသွားတာ ဒီနေ့ဆိုတစ်ပတ်ပြည့်လေပြီ ။
လူကလည်းအတော်ကျန်းမာနေပြီဖြစ်တာကြောင့် ဒီနေ့တော့ အခန်းအပြင်ထွက်ရန်
စိတ်ကူးလိုက်တော့သည် ။ထို့ကြောင့် မနက်စောစောနိုးတာနဲ့ မျက်နှာသစ်သွားတိုက်ပြီး
အဝတ်အစားလဲကာ ပြီးသည်နှင့် အခန်းထဲမှထွက်ကာအောက်ထပ်သို့ဆင်းလာခဲ့တော့သည် ။

ရိုးဂုဏ်အောက်ရောက်တော့ ထမင်းစားခန်းထဲတွင် သူ့ထက်အရင်လူသုံးယောက်ရောက်နေ
လေသည် ။အစ်ကိုဖြစ်သူ ရှေးရိုးရာရယ် ပြီးတော့သူမျှော်လင့်မထားသူ ဦးအရှင်သခင်ရယ် ၊
နောက်တစ်ယောက်ကတော့ ရိုးဂုဏ်အားနာကျင်ရိပ်သန်းနေသောမျက်ဝန်းတွေနဲ့
ငေးကြည့်နေသော ရပ်ဝန်းခ ပင်ဖြစ်လေသည် ။
ရိုးဂုဏ်လည်း ရပ်ဝန်းခအားလျစ်လျူရှုထားလိုက်ရင်း အစ်ကိုဖြစ်သူ၏ဘေးတွင်ဝင်ထိုင်
လိုက်တော့သည် ။

" ဂုဏ် နေရတာရောသက်သာရဲ့လား...."

"အင်း သက်သာပါတယ် ရာ ဘာရှိလဲဟင် ဂုဏ်ဗိုက်ဆာလို့...."

"ဂုဏ့်အတွက် နန်းကြီးသုပ်ထားတယ် ရာ ကိုယ်တိုင်သုပ်ထားတာနော် ဂုဏ်များများစားရ
မယ် ဟုတ်ပြီလား..."

" အင်း...."

ရိုးဂုဏ်လည်း အစ်ကိုဖြစ်သူရိုးရာ အသင့်ပြင်ပေးသောမနက်စာကိုစားနေရင်း ပတ်ဝန်းကျင်
ကိုအကဲခတ်နေမိသည် ။ မျက်လုံးက စားပွဲထိပ်တွင်မားမားကြီးထိုင်နေသော ဦးအရှင်သခင်
ဆီရောက်သွားတော့ ရိုးဂုဏ် အတွေးများသွားရသည် ။

ဦးသခင်က ဒီကိုဘယ်လိုလုပ်ရောက်နေတာလဲ....

ရိုးဂုဏ်ရဲ့စိတ်ထဲကအတွေးကို မသိသော လင်လင်နှစ်ယောက်ကတော့ မျက်လုံးချင်းစကား
ပြောရင်းကျီစယ်နေလေသည် ။ဦးသခင်ကတော့ သူ့ကိုပစ်ထားပြီးညီဖြစ်သူကိုဂရုစိုက်နေ
သည့် ချစ်ရသောကလေးငယ်ကြောင့် စိတ်ကောက်ချင်သလိုဖြစ်လာလေသည် ။
ရိုးရာကတော့ ဦးသခင်ရဲ့စူပုတ်နေသောမျက်နှာကိုကြည့်ကာ စိတ်ကောက်တော့မည့်အရိပ်
အယောင်တွေ့ရတာကြောင့် ရယ်ချင်စိတ်ကိုမနည်းမျိုသိပ်ထားရသည် ။
အခုချိန်ရယ်မိရင် ရိုးရာတို့ ညဘက်ဒုက္ခရောက်ရလိမ့်မည်မဟုတ်ပါလား...။

You've reached the end of published parts.

⏰ Last updated: May 21, 2022 ⏰

Add this story to your Library to get notified about new parts!

 မာယာႂကြယ္တဲ့ ကိုယ့္ခ်စ္သူ ( Zawgyi & unicode ) Where stories live. Discover now