အပိုင်း - 9 ပထမပိုင်း ( Z + U )

10.1K 904 22
                                    

အပိုင်း ၉ ( ပထမပိုင်း )


"ဖေဖေ ဒီသတင်းတွေက အမှန်မဟုတ်ဘူးနော်...."

တိတ်ဆိတ်နေသောအခန်းထဲတွင် ရိုးရာ ၏အသံကဟန်းထွက်
လာလေသည် ။ဦးရိုးမဟာ မှာတော့ မျောက်မီးခဲကိုင်ထားသလို
ထိုင်မရထမရဖြစ်နေသော သားဖြစ်သူအားကြည့်ပြီး ရယ်ချင်
စိတ်ကိုမနည်းထိန်းနေရသည် ။

( AN / ပါးပါးကသူ့သားလင်ရတော့မှာကို ပျော်နေတာ )

"ဒါပေမဲ့ ဟိုဖက်ကတော့ ဒါကိုမှန်တယ်လို့ဝန်ခံသွားတယ်လေ
သားရယ်...."

"လိမ်တာ အဲ့ဒါအဲ့လူကြီး လိမ်နေတာ မဟုတ်ပါဘူးဆို ဖေဖေ
ကလည်း ကိုယ့်သားကိုယ်မယုံဘူးလား...."

ဖခင်ဖြစ်သူရှေ့ဒူးလေးထောက် လက်တစ်ဖက်ကိုအသာဆုပ်
ကိုင်ကာ မျက်နှာငယ်လေးနဲ့ပြောလာသောသားကြောင့်
ဦးရိုးမဟာ သနားချင်သလိုလိုဖြစ်လာသည် ။
ဒီသတင်းကို စစကြားတဲ့အချိန်တုန်းက တကယ်ကိုမယုံကြည်
ခဲ့ပေ ။သို့သော် Empire ဘက်ကသတင်းစားရှင်းလင်းပွဲလုပ်
ပြီး အတိအလင်းဝန်ခံလာတာတွေ့တော့ ဦးရိုးမဟာ အလွန်ကို
အံ့အားသင့်ခဲ့ရသည် ။နောက်တော့ အရှင်သခင် ဆီကဖုန်း
တစ်ကောလ်ဝင်လာပြီးနောက် ဦးရိုးမဟာ ဖြစ်သမျှကိုသေချာ
နားလည်သွားတော့သည် ။
ဖခင်တစ်ယောက်အနေနဲ့ ကိုယ့်ရဲ့တစ်ဦးတည်းသောသားကို
ယောင်္ကျားတစ်ယောက်နဲ့မဖြစ်စေချင်ပါ ။သို့သော်လည်း
တစ်ဖက်ကလူက ကိုယ့်ထက်အရှိန်အဝါကြီးမားသူဖြစ်ပြီး
သားဖြစ်သူကိုလိုချင်ပါသည်ဟုတောင်းလာတော့ အမှန်တိုင်း
ဝန်ခံရရင် ငြင်းဆန်ဖို့အင်အားမရှိခဲ့ချေ ။
သေချာစဉ်းစားကြည့်တော့လည်း သားဖြစ်သူနောင်ရေး
အတွက် ထိုလူဟာအဆင်ပြေလိမ့်မည်ဟု ယုံကြည်မိတာကြော
င့်နောက်ဆုံးလက်ခံလိုက်ရတော့သည် ။

"အရင်ဆုံးစေ့စပ်ထားရုံလေးပါ သားရယ်...."

"ဟင့်အင်း မလိုချင်ဘူး မလိုချင်ဘူးလို့ ဝါး...."

ကြမ်းပြင်ပေါ်ထိုင်ချကာ ခြေဆင်းပြီးကလေးတစ်ယောက်လို
ဂျီကျနေသော သားကိုကြည့်ကာ ဦးရိုးမဟာ ခေါင်းယမ်းရုံသာ
တတ်နိုင်သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now