အပိုင်း - 6 ( Z + U )

10.8K 920 10
                                    

အပိုင်း ၆



"သား ရိုးဂုဏ်....."

"ဖေဖေ အလုပ်မသွားသေးဘူးလား...."

ရိုးရာ အပေါ်ထပ်ကဆင်းဆင်းလာချင်း ဧည့်ခန်းထဲတွင်ထိုင်နေ
သော ဖေဖေကသူ့အားလှမ်းခေါ်လေသည် ။ရိုးရာ လည်း
ပြုံးပြလိုက်ရင်း ဖေဖေ့အနားတွင်ဝင်ထိုင်တော့သည် ။

"သား နောက်လ ကုမ္ပဏီမှာအလုပ်စလုပ်ရတော့မယ်နော်
အဆင်သင့်ဖြစ်ပြီလား...."

"ဟို....."

"အော် အစ်ကိုရယ် သားကဆေးရုံကဆင်းလာရတာမှမကြာ
သေးဘူး ချက်ချင်းကြီးကုမ္ပဏီမှာအလုပ်ဝင်ခိုင်းတော့မလို့လား
ပြီးတော့ သားရဲ့မှတ်ဥာဏ်ကလည်းပြဿနာရှိနေသေးတယ်
လေ တော်ကြာအမှားတွေဖြစ်နေပါဦးမယ်...."

ဒေါ်နွယ်ဒါလီရဲ့စကားကြောင့် ရိုးရာ ပြုံးလိုက်မိသည် ။စေတနာ
နဲ့ဝင်ပြောပေးသလိုလိုနဲ့ သူ့အားကုမ္ပဏီမှာအလုပ်မလုပ်စေ
ချင်တာသိသာလှပါသည် ။
ဒီမိန်းမကြီးက ပြုံးပြုံးလေးနဲ့တော်တော်ယုတ်မာတတ်တာပဲ ။
သို့သော် ရိုးရာ ကတော့ ထိုမိန်းမကြီးရဲ့အကြံအောင်မြင်ဖို့
မကူညီပေးနိုင်ပါ ။

"အဒေါ်ကြီး ကျွန်တော့်အတွက်စိတ်ပူပေးစရာမလိုပါဘူး
ကျွန်တော့်မှတ်ဥာဏ်မှာနည်းနည်းပြဿနာဖြစ်နေတယ်ဆိုပေမဲ့
အဲ့ဒါကအလုပ်ကိုတော့မထိခိုက်စေပါဘူး ဖေဖေ သားကိုယုံပါ
နော် သားအလုပ်လုပ်ဖို့အဆင်သင့်ဖြစ်နေပါပြီ...."

ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်နဲ့ပြောလိုက်တော့ ဖေဖေက
သဘောကျစွာခေါင်းတညိတ်ညိတ်နဲ့ ။ဒေါ်နွယ်ဒါလီကတော့
သူမအကြံမအောင်မြင်တာကြောင့် ရိုးရာ အားမုန်းတီးစွာစိုက်
ကြည့်နေလေသည် ။ရိုးရာ ကတော့အောင်နိုင်သူတစ်ယောက်
လို ထိုမိန်းမကြီးအားပြုံးပြလိုက်ပြီး ဧည့်ခန်းထဲမှထွက်လာခဲ့
တော့သည် ။

"တောက်....."

ဒေါ်နွယ်ဒါလီ တစ်ယောက် ဒီနေ့တစ်နေ့လုံး ဒေါသစိတ်ကြောင့်
တနုံ့နုံ့ခံစားနေရလေသည် ။ရှေးရိုးဂုဏ် ၏ရုတ်တရက်ပြောင်းလဲ
သွားမှုကြောင့် သူမတို့တော်တော်အံ့အားသင့်ရသည် ။
အရင်လိုပျော့ညံ့သည့် ခပ်အအကောင်လေးပုံစံပျောက်သွားပြီး
အခုဆိုသူ့အနားရောက်တိုင်း လူတိုင်းကဖိအားတစ်မျိုးမျိုးကို
ခံစားရလေသည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Kde žijí příběhy. Začni objevovat