အပိုင်း - 18 ပထမပိုင်း ( Z + U )

8.6K 739 8
                                    

အပိုင်း ၁၈ ( ပထမပိုင်း )

ရပ်ဝန်းခ ကောင်လေးအတွက် အချိုရည်တစ်ဗူးနဲ့ရေတစ်ဗူး
ဝယ်ကာ ကောင်လေးကျန်ခဲ့တဲ့နေရာကိုပြန်လာခဲ့လိုက်သည် ။
ဒီရောက်တော့ ကောင်လေးအားလူတစ်ယောက်ကအတင်းဆွဲ
နေတာကိုမြင်တော့ ရပ်ဝန်းခ ဒေါသအတော်ထွက်သွားရသည်။
ထို့ကြောင့် ထိုနေရာသို့အမြန်ပြေးသွားပြီးထိုလူလက်ထဲက
ကောင်လေးအားအတင်းဆွဲယူလိုက်တော့သည် ။

"ဟင် မင်း...."

"အကောင်ပေါက်...."

"ရပ်ဝန်းခ...."

မမျှော်လင့်ပဲတွေ့လိုက်ရတဲ့လူကြောင့် ရပ်ဝန်းခ အတော်အံ့သြ
သွားရသည် ။ကောင်လေးနှင့်မျက်နှာတစ်ထပ်တည်းတူညီသော
အကောင်ပေါက်ဟာလည်း သူ့ကိုတွေ့တော့အံ့သြသလိုလေး
ကြည့်လာလေသည် ။ကောင်လေးကတော့ သူတို့နှစ်ယောက်
ကြားတွင်မျက်လုံးလေးကလယ်ကလယ်နဲ့ကြောင်စီစီလေးဖြစ်
လာလေသည် ။

"အကောင်ပေါက်က ဒီကိုဘယ်လိုလုပ်ပြီး...."

"မင်းကရော သူနဲ့ဘယ်လိုသိတာလဲ...."

ရိုးရာ သူ့အားသူစိမ်းတစ်ယောက်လိုကြည့်ပြီး ရပ်ဝန်းခကိုတော့
အားကိုးတကြီးဖြစ်နေသော ညီဖြစ်သူကြောင့် ရင်ထဲမကောင်း
ဖြစ်သွားရသည် ။ဂုဏ်ရေးထားတဲ့ဒိုင်ယာရီစာအုပ်ထဲက
အကြောင်းတွေခေါင်းထဲဝင်လာတော့ ရပ်ဝန်းခအားနာကျည်းမိ
သလို ဂုဏ်နဲ့လည်းအတူမရှိစေချင်ပေ ။

"ဒီကောင်လေးကို သိလို့လား အကောင်ပေါက်...."

"သူက ငါ့ရဲ့အမွှာအစ်ကို...."

"ဘာ...."

ကောင်လေးက အကောင်ပေါက်ရဲ့အမွှာအစ်ကိုတဲ့လား ။
ရပ်ဝန်းခ မျက်လုံးပြူးရုံသာတတ်နိုင်လေတော့သည် ။
အကောင်ပေါက်ကတော့ သူ့အားအရင်လိုမုန်းတီးတဲ့မျက်ဝန်း
တွေဖြင့်သာစိုက်ကြည့်နေဆဲပင် ။

"ဒီကိုလာ ရာရာ...."

ရပ်ဝန်းခ အနောက်တွင်ပုန်းနေသောဂုဏ်ရဲ့လက်ကိုဆွဲကာ
အတင်းဆွဲထုတ်လိုက်တော့သူ့ဘက်ဆွေ့ခနဲပါလာလေသည် ။

"အသာလုပ်ပါ...."

အရုပ်လေးတစ်ရုပ်လိုတောင့်တောင့်လေးပါသွားသောကောင်
လေးအားကြည့်ကာ ရပ်ဝန်းခ အသဲယားစွာပြောလိုက်မိသည် ။
အကောင်ပေါက်ရဲ့ရန်လိုနေသောမျက်ဝန်းတွေကိုမြင်တော့
သူ့အားအထင်လွဲနေပြီဆိုတာရပ်ဝန်းခရိပ်မိလိုက်တာကြောင့်
ပြာပြာသလဲရှင်းပြရတော့သည် ။
ကောင်လေးနဲ့စတွေ့ခဲ့ပုံ ၊အကူအညီပေးခဲ့ပုံအစအဆုံးရှင်းပြ
လိုက်တော့မှ အကောင်ပေါက်ခမျာဟွန့်ခနဲနှာမှုတ်ကာမျက်နှာ
ကိုတစ်ဖက်သို့လွှဲသွားလေသည် ။
အမူအရာလေးကဘာမှမဟုတ်ဘူးဆိုပေမဲ့ရပ်ဝန်းခအတွက်
တော့ချစ်ဖို့ကောင်းလွန်းတာကြောင့် မြတ်နိုးစွာငေးကြည့်နေမိ
တော့သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now