အပိုင်း - 10 ပထမပိုင်း ( Z + U )

10K 902 16
                                    

အပိုင်း ၁၀ ( ပထမပိုင်း )


ဘာလိုလိုနဲ့ တဖြေးဖြေး စေ့စပ်ရမယ်နေ့နီးလာလေပြီ ။
စေ့စပ်ရမယ့်နေ့ နီးလာသည်နှင့်အမျှ ရိုးရာ၏စိတ်တွေလည်း
မတည်မငြိမ်ဖြစ်လာရသည် ။စိတ်ညစ်သည် ၊စိတ်ရှုပ်၏ ။
အဆိုးဆုံးကတော့ ဦးသခင် ၏လွန်လွန်ကျူးကျူးအသားယူ
မှုတွေကြောင့် ဒေါသထွက်ရလွန်းလို့သွေးအန်မိတော့မတက်
ပင် ။

"အစ်ကို....."

စောစောစီးစီးမျက်နှာကြီးမှုန်ကုပ်နေသော ရိုးရာ ကြောင့်
ဒီနေ့အခြေအနေမကောင်းဘူးဆိုတာ စွယ်စုံ သိလိုက်သည် ။
ရိုးဂုဏ်၏အစ်ကိုရဲ့စိတ်က တစ်ခါတစ်လေမှန်းဆရခက်သည် ။
ကလေးစိတ်လိုလို မျောက်စိတ်လိုလို အတိအကျကိုမရှိတာ
အမှန်ပင် ။

"စွယ်စုံ...."

"ဟုတ်ကဲ့...."

"ဒီနေ့ ဘာလုပ်စရာရှိလဲ...."

"လကုန်အထိ ကျွန်တော်တို့နှစ်ယောက်မှာဘာမှလုပ်စရာမရှိ
ဘူးလေ အစ်ကိုရဲ့ အကယ်၍အလုပ်လုပ်ချင်တယ်ဆိုရင်တော့
စေ့စပ်ပွဲအတွက်...."

"တိတ်စမ်း အဲ့အကြောင်းမပြောစမ်းပါနဲ့ စိတ်ညစ်ပါတယ်ဆိုမှ
အမလေး ဗိုက်တောင်ဆာလာပြီ....."

"............."

မပြောဘူးလား ။ရိုးဂုဏ်ရဲ့အစ်ကိုက စိတ်မမှန်ပါဘူးလို့ ။

ရိုးရာ လည်းစိတ်ကလည်းညစ် ဗိုက်ကလည်းဆာတာကြောင့်
စွယ်စုံကိုချန်ထားရစ်ခဲ့ကာ မီးဖိုချောင်ထဲဝင်သွားပြီ ရေခဲသေတ္တာထဲကအသင့်သောက်နို့ဗူးတစ်ဗူးနဲ့ပေါင်မုန့်တစ်ခု
ကိုယူကာ အိမ်ရှေ့သို့ပြန်ထွက်လာခဲ့တော့သည် ။
ထို့နောက်အိမ်အပြင်သို့ထွက်လာကာ အိမ်အရှေ့မျက်နှာစာ၌
ရှိသော ဒန်းလေးပေါ်ထိုင်ပြီး နို့နဲ့မုန့်ကိုအပြတ်တွယ်နေမိတော့
သည် ။စွယ်စုံကတော့ ဒန်းပေါ်တွင်ထိုင်ကာ မုန့်ကို ကလေးတစ်
ယောက်လိုပလုတ်ပလောင်းစားနေသော ရိုးရာ အားကြည့်ကာ
ခေါင်းသာခါယမ်းမိတော့သည် ။
ထိုစဉ် ခြံထဲသို့ကားနက်တစ်စီးဝင်ရောက်လာလေသည် ။
ရိုးရာ ကတော့ထိုကားကိုစိတ်မဝင်စားအားပဲ နို့ကိုပဲမကုန်ကုန်
အောင်မော့သောက်နေလေသည် ။သို့သော် ကားပေါ်မှဆင်း
လာသော ခန့်ညားသောလူကြောင့် ရိုးရာ ပါးစပ်ထဲကသောက်
လက်စနို့များဖူးခနဲအကုန်အပြင်သို့ပြန်ထွက်ကုန်တော့သည် ။

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now