အပိုင်း - 2 ( Z + U )

12.2K 998 8
                                    

အပိုင်း ၂


ဆေးရုံဆင်းမည့်နေ့
>>>

ဒီနေ့ ရိုးရာ ဆေးရုံကဆင်းရမှာမို့ အားလုံးအလုပ်တွေရှုပ်နေကြ
လေသည် ။ရိုးရာ ကိုယ်တိုင်လည်း နောက်ဖြစ်လာမည့်ကိစ္စ
တွေကို တွေးမိတော့ အနည်းငယ်တော့စိတ်လှုပ်ရှားနေမိလေ
သည် ။
ဖေဖေ ကတော့ ဒီနေ့လုပ်မယ့် meeting တွေကိုဖျက်ကာ
ရိုးရာ အားအဖော်လာလုပ်ပေးနေသည် ။

ဖေဖေက ဂုဏ့်ကိုတော်တော်ချစ်တာပဲ....အကယ်၍ ဖေဖေ
ဂရုစိုက်ချစ်ပေးနေတဲ့သားက ဂုဏ်မဟုတ်ပဲ ရာ ဆိုတာသိသွား
ရင်ရော ဖေဖေ အခုလိုဆက်ပြီးဂရုစိုက်ပေးဦးပါ့မလား....

မဆီမဆိုင် ခေါင်းထဲဝင်လာသောအတွေးကြောင့် ရိုးရာ မျက်နှာ
အနည်းငယ်ညိုးသွားရလေသည် ။ဒါကို ရိပ်မိသည့် ဖေဖေက

"သားလေး မျက်နှာလည်းမကောင်းဘူး ဘယ်နားကအဆင်မ
ပြေဖြစ်နေလို့လဲ..."

"မဖြစ်ပါဘူး ဖေဖေရယ် သားစဉ်းစားနေတာ သားကအခုဘာမှ
သေချာမမှတ်မိတော့ အဆင်ပြေပါ့မလားလို့ပါ..."

"အော် သားရယ် ဖေဖေ တစ်ယောက်လုံးရှိတာပဲကို ဘာမှမပူ
နဲ့ မောင်စွယ်စုံ လည်းသားရဲ့အနားမှာအမြဲရှိနေပေးလိမ့်မယ်
ဟုတ်ပြီလား....."

"ဟုတ်...."

ဘယ်လိုပဲဖြစ်ဖြစ် ရိုးရာ ကတော့တိုက်ပွဲစဖို့အသင့်ဖြစ်နေပြီဖြစ်
သည် ။ရိုးဂုဏ် ကိုတော့ မနေ့ကပဲ ဘန်ကောက်ကဆေးရုံသို့
ရိုးရာရဲ့စီစဉ်ပေးမှုကြောင့် ရွှေ့ပြောင်းလိုက်ပြီဖြစ်သည် ။
အခုချိန်မှာအရေးကြီးတာ ရိုးဂုဏ်ရဲ့အခြေအနေကိုလူတွေသိ
မသွားစေဖို့နဲ့ ရိုးရာ ဟန်ဆောင်နေတာကိုရိပ်မိမသွားစေဖို့ပဲ
ဖြစ်သည် ။

"သူဋ္ဌေး အပြင်မှာကားအဆင်သင့်ဖြစ်ပါပြီ..."

"ကဲ လာ သွားရအောင်...."

ထို့နောက် ရိုးရာ တို့ ဆေးရုံမှထွက်ခွာလာခဲ့တော့သည် ။၄၅
မိနစ်လောက်ကားစီးပြီးနောက် ဦးရိုးမဟာရဲ့ ' ရိုးကမ္ဘာ ' စံအိမ်
သို့ရောက်ရှိလေသည် ။

"ကဲ ဒါသားနေရမယ့်အိမ်ပဲ အိမ်ကိုရောမှတ်မိရဲ့လား...."

"အင်း ဝိုးဝိုးဝါးဝါးပဲ ဖေဖေ ဟီး...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now