အပိုင်း ၂၂
"ဒုန်း......"
"ဘုဏ်းမီးလျှံ..... "
တံခါးမကြီးကိုဝုန်းခနဲဆောင့်ကန်ကာ အိမ်ထဲသို့အပြေးတပိုင်း
ဝင်ရောက်လာသော အရှင်သခင်ကြောင့် ဧည့်ခန်းထဲရှိဆိုဖာခုံ
ပေါ်တွင်ထိုင်နေသော မီးလျှံရဲ့နှုတ်ခမ်းများအပေါ်သို့တွန့်ကွေး
သွားလေတော့သည် ။
အရှင်သခင် အိမ်ထဲရောက်ရောက်ချင်း ဘုဏ်းမီးလျှံအား
ကော်လံစကိုခပ်တင်းတင်းဆွဲကာ အံကြိတ်ရင်းမေးလိုက်တော့
သည် ။"ငါ့ချစ်သူဘယ်မှာလဲ...."
"ဖြေးဖြေးပေါ့ အကိုရယ် မလောပါနဲ့...."
"တောက်ခ် ငါ့ကလေးသာတစ်ခုခုဖြစ်လို့ကတော့ မင်းကို
ငါသတ်မှာ ဘုဏ်းမီးလျှံ ငါသတ်မှာ....""ဟက် ကိုယ့်အလှည့်ကျတော့သိပ်သိတတ်နေတယ်ပေါ့...."
မီးလျှံဆီကထွက်လာသောအေးစက်စက်စကားသံကြောင့်
ကော်လံစအားဆွဲထားသောသခင့်ရဲ့လက်တွေပြေလျော့သွားရ
လေသည် ။"မီးလျှံ...."
"ထားလိုက်ပါတော့ အကို့ချစ်သူက အပေါ်ထပ်ကအခန်းထဲမှာ
ရှိတယ်...."မီးလျှံ၏စကားလည်းဆုံးရော သခင်လည်းအပေါ်ထပ်သို့
ပြေးတက်သွားလေတော့သည် ။"ကလေး....."
အခန်းထဲသို့ဝုန်းဒိုင်းကြဲကာဝင်ရောက်လာသော လူကြောင့်
ရိုးရာ စားလက်စပီဇာလေးလည်ပင်းမှာနင်သွားရလေသည် ။
တအစ်အစ်နဲ့ကြို့ထိုးနေရင်း တရားခံအားမကျေနပ်သလို
ကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့လူဖြစ်နေတာကြောင့်
ရိုးရာ မျက်လုံးလေးပြူးသွားရလေသည် ။"ဦး....."
"ကလေး...."
သခင် သူ့အားပြူးကြောင်ကြောင်လေးငေးကြည့်နေသော
ကလေးအား ဝမ်းသာအားရပြေးကာတင်းတင်းကြပ်ကြပ်ပြေး
ဖက်လိုက်တော့သည် ။"ကလေး ကလေးဘာမှမဖြစ်ပါဘူးနော် ကိုယ်အရမ်းစိတ်ပူနေ
ခဲ့တာ ကိုယ်ကလေးကိုဆုံးရှုံးရပြီထင်နေတာ အားလုံးက
ကိုယ့်အမှားပါ ကိုယ်တောင်းပန်ပါတယ် ကလေး...."
YOU ARE READING
မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode )
Romanceနှစ်ပေါင်းများစွာကွဲကွာနေကြသော အမွှာညီအစ်ကိုနှစ်ယောက် ရှေးရိုးရာ နဲ့ ရှေးရိုးဂုဏ် မတော်တဆမှုတစ်ခုကြောင့် ကိုမာဝင်သွားသော ညီဖြစ်သူ၏ နေရာသို့ အစားထိုးဝင်ရောက်ဟန်ဆောင်ပေးဖို့ အကြောင်းဖန် လာသောအခါ ညီဖြစ်သူက gay ဖြစ်နေသည့်အပြင် သူမထင်မှတ်ထားတဲ့ ပြဿနာအရှုပ်အ...