အပိုင်း - 29 ( Z + U )

8.2K 645 9
                                    

အပိုင်း ( ၂၉ )

"အန်ကယ်တို့ ပြန်လာနေပြီတဲ့ ဟိုသားအမိကိုလည်းရဲတွေ
ဖမ်းသွားကြပြီတဲ့...."

ခိုက် ဆီကဖုန်းရ ရပြီးချင်း စွယ်စုံကဝမ်းသာအားရပြောလေ
သည် ။အားလုံးကလည်း ဝမ်းသာအားရဖြစ်သွားကြပြီး
မျက်နှာတွင်ကျေနပ်အပြုံးတွေဖြစ်ပေါ်လာကြတော့သည် ။
သခင် တစ်ယောက်သာဘာမှမဆိုပဲ တိတ်ဆိတ်နေခြင်းဖြစ်
လေသည် ။

တော်သေးတာပေါ့...ကလေးကို ကိုယ်မကာကွယ်နိုင်ခဲ့ပေမဲ့
ကလေးရဲ့မိသားစုကိုတော့ ကိုယ်စောင့်ရှောက်ပေးသွားမှာပါ...

သခင် ရင်ထဲကသာတိတ်တဆိတ်ရေရွတ်လိုက်ရင်း ဘယ်သူမှ
သတိမထားမိခင် မိမိအိမ်သို့ပြန်ရန်ပြင်လိုက်တော့သည် ။
အခုရောက်နေတာက ကလေးရဲ့အိမ်တွင်ဖြစ်ပြီး ဒီအိမ်ကြီးရဲ့
ဘယ်နေရာကိုပဲကြည့်ကြည့် ကလေးရဲ့အငွေ့အသက်တွေကိုပဲ
ခံစားမိနေတာကြောင့် ရင်ထဲတွင်လွမ်းတဲ့စိတ်ကပိုလာရလေ
တော့သည် ။
အိမ်ပြန်မယ်တွေးထားပေမဲ့ ကလေးရဲ့အငွေ့အသက်တွေပြည့်
နေတဲ့ ဒီအိမ်လေးကနေထွက်မသွားချင်သေးတာကြောင့်
ကလေးထိုင် ထိုင်နေကျခြံထဲက ဒန်းလေးနားသွားပြီး ထိုင်နေ
လိုက်တော့သည် ။

ကိုယ့်ကိုဘာကြောင့်ထားသွားရက်တာလဲ ကလေးရယ်....

မျက်ဝန်းထဲကမျက်ရည်စတွေကို ပါးပြင်ထက်သို့လွတ်လပ်စွာ
ကျဆင်းခွင့်ပေးလိုက်ပြီး မျက်နှာထက် လက်နဲ့အုပ်ကာငိုကြွေး
မိတော့သည် ။
ထိုစဉ် သူ့မျက်လုံးရှေ့ရောက်လာသော ခြေဖမိုးဖြူဖြူလေး
တစ်စုံ ။အပေါ်ကိုမော့ကြည့်လိုက်တော့ ရင်းနှီးနေတဲ့မျက်နှာ
လေးတစ်ခုကိုတွေ့လိုက်ရသည် ။

"ကလေး...."

"ဦးလေးကြီး ဘာလို့ငိုနေတာလဲဟင်...."

"ဟင်..."

ပကတိဖြူစင်တဲ့အကြည့်လေးတွေနဲ့ သူ့အားကလေးလေးတစ်
ယောက်ကြည့်ပြီးပြုံးပြနေသော ကောင်လေးကြောင့် သခင့်ရဲ့
စိတ်တွေကိုပြန်ထိန်းလိုက်ရသည် ။

"ပြန်တောင်ရောက်လာပြီပဲ အဆင်ပြေတယ်မလား...."

"ခုနကဦးလေးကြီး ငိုနေတယ်လေ ဘာဖြစ်လို့လဲ...".

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now