အပိုင်း - 19 ပထမပိုင်း ( Unicode )

8.3K 546 4
                                    

အပိုင်း ၁၉ ( ပထမပိုင်း )


မျက်နှာတစ်ပုံစံတည်းတူညီသော ကောင်လေးနှစ်ယောက်ကို
ကြည့်ပြီး ဦးရိုးမဟာ အံ့သြလွန်းလို့ ဆွံ့အနေမိတော့သည် ။

"ဖေဖေ...."

".............."

ဖေဖေ အံ့သြနေမည်ဆိုတာ ရိုးရာ ကောင်းကောင်းသိပါသည် ။
ရိုးရာ ဂုဏ်လေးရဲ့ပခုံးကိုအသာတွန်းကာ ဖေဖေ့အရှေ့သို့
တိုးသွားလိုက်သည် ။

"ဖေဖေ ဒါဘယ်သူလဲကြည့်ပါဦး...."

"သူ သူက...."

"ဒါ ဖေဖေ့ရဲ့သားပဲလေ ရှေးရိုးရာလေ...."

"ရိုးရာ သားရိုးရာလား...."

ဦးရိုးမဟာ အံ့သြဝမ်းသာစွာဖြင့် သားဖြစ်သူရဲ့လက်ဖဝါးလေး
ကိုဆုပ်ကိုင်လိုက်တော့သည် ။

"တကယ်ပဲ သားကြီးလား...."

"ဖေဖေ ကျွန်တော်တို့သီးသန့်စကားပြောလို့ရမလား...."

သားရဲ့စကားကြောင့် ဦးရိုးမဟာ ရုတ်တရက်ကြောင်သွားရ
သည် ။ဒေါ်နွယ်ဒါလီကတော့ သားအဖတွေသီးသန့်စကားပြော
မည်ဆိုတာကြားလိုက်တော့ မျက်နှာပျက်သွားလေသည် ။
သို့သော် သူမ မတားလိုက်နိုင်ခင် သားအဖသုံးယောက်
အပေါ်ထပ်သို့တက်သွားလေသည် ။

"မာမီ ဘာတွေလဲ ဘိုးတော်ဆီမှာနောက်ထပ်သားတစ်ယောက်
ရှိနေသေးတာလား ကျစ် တစ်ယောက်တောင်ရှင်းဖို့ခက်နေပါ
တယ်ဆိုမှ နောက်တစ်ယောက်ကပေါ်လာသေးတယ်...."

"မာမီ မေ့နေတာ ငယ်ငယ်ကတည်းအမေဖြစ်သူနဲ့အမေရိက
ကိုပါသွားတဲ့သားတစ်ယောက်ရှိသေးတယ်ဆိုတာ မာမီ
လုံးလုံးမေ့နေတာ ပြီးတော့ အခုလိုပြန်ပေါ်လာလိမ့်မယ်လို့
လည်းမာမီမထင်ထားဘူးလေ...."

ဒေါ်နွယ်ဒါလီ တကယ်ကိုမထင်ထားတာဖြစ်သည် ။သူမရဲ့
ပယောဂကြောင့် ဦးရိုးမဟာ တို့လင်မယားကွာရှင်းခဲ့ကြပြီး
အမွှာသားနှစ်ယောက်ရဲ့အမေ ဒေါ်ရှေးရေစက် ကသားကြီးကို
ခေါ်ကာနိုင်ငံခြားထွက်သွားသည်မှာဘာသတင်းမှမကြားရ
တော့သည်အထိပင် ။
ဒီလောက်နှစ်တွေအကြာကြီး ခြေရာဖျောက်နေခဲ့ပြီးမှ ယခုပြန်
ပေါ်လာတာ လုံးဝသွေးရိုးသားရိုးမဖြစ်နိုင်ပေ ။
ဒီလိုနဲ့ ဒေါ်ရှေးရေစက် ပါပြန်လာခဲ့ရင်....
မဖြစ်....ဒီလိုတော့အဖြစ်မခံနိုင်ပါ ။သူမ လုပ်ခဲ့သည့်ကိစ္စတွေ
ပေါ်လာမှာကို ဒေါ်နွယ်ဒါလီ အလွန်ကြောက်နေမိလေသည် ။

 မာယာႂကြယ္တဲ့ ကိုယ့္ခ်စ္သူ ( Zawgyi & unicode ) Hikayelerin yaşadığı yer. Şimdi keşfedin