အပိုင်း - 9 ဒုတိယပိုင်း ( Z + U )

10.1K 919 25
                                    

အပိုင်း ၉ ( ဒုတိယပိုင်း )



"ကိုယ် မင်းကိုသဘောကျလို့...."

ထိုနူးညံ့တဲ့အကြည့် နူးညံ့တဲ့အပြုံးနဲ့ အကြင်နာစကားကြောင့်
ရိုးရာ ခေတ္တကြောင်အသွားရသည် ။
နက်ရှိုင်းတဲ့မျက်ဝန်းအကြည့်တွေက အပြောင်အပျက်ပြောနေ
တာမဟုတ်ဘူးလို့ သတ်သေခံနေသလိုပင် ။

"နေ နေစမ်းပါ လူကိုအသားယူမယ်ဆိုတာချည်းပဲ...."

ရှက်ရမ်းရမ်းကာ တွန်းထုတ်လိုက်ပြီး မျက်နှာရဲရဲကိုကြမ်းပြင်
ထိမတတ်ငုံ့ထားရင်း ထိုလူကြီးရဲ့ချစ်ရည်ရွှန်းလဲ့နေသော
အကြည့်များကြားမှလွတ်ရန် ရိုးရာ အသဲအသန်ကြိုးစားနေမိ
သည် ။ရင်ဘတ်ထဲကအကောင်က တဒုတ်ဒုတ်နဲ့ ဗိုက်ထဲတွင်
လည်းအကောင်ဗလောင်တွေရွစိထိုးနေသလို မအီမသာကြီး
ခံစားနေရသည် ။

ငါ ရင်မခုန်ဘူးနော်....လုံးဝမခုန်ဘူး.....
အဟမ်း....ငါက အဖြောင့်....

စိတ်ထဲကနေကိုယ့်ကိုယ်ကိုအထပ်ထပ်သတိပေးနေရင်း
လူကတော့ ထိုလူကြီးရဲ့အဝေးကိုထွက်သွားရန် ကြိုးစားနေမိ
တော့သည် ။
စေ့စပ်မယ်ပေါ့ ။ဟက် ရတယ်လေ စေ့စပ်ဆိုလည်းစေ့စပ်ကြ
တာပေါ့ ။လက်ထပ်ပြီးတဲ့လူတွေတောင် ကွာရှင်းကြသေးတာ
ပဲဟာ ။ဦးသခင် နောက်သုံးလအတွင်း ခင်ဗျားကိုယ်တိုင်
ကျွန်တော့်ကိုစိတ်ကုန်ပြီး ဒီစေ့စပ်ပွဲကို ခင်ဗျားဘက်ကစပြီး
ပြန်ဖျက်သိမ်းစေရမယ် ။

ဘာတွေအတွေးလွန်နေမှန်းမသိ ခေါင်းလေးတညိတ်ညိတ်နဲ့
သူ့အားရှိသည်လို့တောင်ထင်ရဲ့လားမသိတဲ့ကောင်လေးကြောင့် သခင် စိတ်ထဲမပျော်တော့ပေ ။ဒီကောင်လေးရဲ့စိတ်ထဲ
အတွေးထဲ အိပ်မက်တွေထဲ သူတစ်ယောက်တည်းရှိချင်နေတာ
သခင့် ရဲ့အတ္တတစ်ခုဖြစ်သည် ။

"နေ့လယ်စာ သွားစားကြရအောင် ဘေဘီ...."

"ဟမ်...."

စေ့စပ်ပွဲကိုဘယ်လိုဖျက်ရမလဲ ၊ ဦးသခင်အားဘယ်လိုပညာ
ပေးရမလဲ စသည့်အတွေးတွေနဲ့နစ်မြှုပ်နေသော ရိုးရာ
တစ်ယောက် ဦးသခင်၏အသံကြားမှသတိပြန်ဝင်လာရတော့
သည် ။

"နေ့လည်စာသွားစားကြမယ်လေ ဘေဘီ ဘာစားမလဲ...."

"ဆူရှီ ဒါနဲ့ခင်ဗျား ကျွန်တော့်ကိုဘေဘီ ဘေဘီနဲ့မခေါ်စမ်းပါနဲ့
နားကလော်တယ်...."

 မာယာကြွယ်တဲ့ ကိုယ့်ချစ်သူ ( Zawgyi & unicode ) Where stories live. Discover now