Chapter 31💜 (Final)

11K 929 243
                                    

ညှို့မျက်ဝန်း

Chapter 31💜 (Final)

Jungkook ကိုလွမ်းတယ်!

လွမ်းလို့ငိုနေတော့ဘူးလို့ပြောခဲ့ပေမဲ့  အလွမ်းဒဏ်ရာကပြင်းတော့ မျက်ရည်ကသူ့အလိုလိုကျလာတယ်
သည်းခံ Park Jimin .. မင်းသည်းခံမယ်။မင်းသာရှိရင် Jungkook ကအရာရာအဆင်ပြေသွားမှာ

"ဒီမှာခင်ဗျ"
အနောက်ကအသံကြောင့် ရုတ်တရက်လန့်ပြီးထရပ်မိသည်။

"ဘယ်သူလဲ?"

"မလန့်ပါနဲ့ ၊ငါမင်းကိုသိတယ်"

" ? "

"မင်းက  အစ်ကို Jungkook ရဲ့ကောင်လေးမဟုတ်လား?"

"ဗျာ?"

Jimin ခဏစဥ်းစားလိုက်ပြီး ...
"မဟုတ်ပါဘူး၊ ခင်ဗျားလူမှားနေပြီထင်တယ်"

"ဘယ်ကသာလူမှားရမှာလဲဗျာ? ဒီမျက်မှန်ဒီအရပ်နဲ့ဒီပုံစံကို ငါသေချာသိတာပေါ့"

"မင်းကဘယ်သူလဲ?"

"ငါ? ငါ့ကိုမမှတ်မိဘူးလား။မင်းနဲ့အစ်ကို Jungkook ဒီနေရာမှာချိန်းတွေ့တုန်းကတောင် ငါဓာတ်ပုံခိုးရိုက်ခဲ့သေးတယ်လေ"

" .. "

"အခုမှတ်မိပြီလား?"

မှတ်မိသလိုလိုနဲ့မမှတ်မိဘူးစိတ်ကတခြားရောက်နေလို့လားပဲ .. လုံးဝစဥ်းစားလို့မရဘူး

"စားသောက်ဆိုင်မှာတွေ့ကြတာလေ "

လျှောကျနေတဲ့မျက်မှန်လေးကို အလယ်ကနေပင့်တင်လိုက်ပြီး ..
"အာ! ဟုတ်သားပဲ"

"သိသွားပြီလား?"

"အင်း သိပြီ။Jungkook ကိုလိုချင်နေတဲ့တစ်ယောက်မလား?"

"အမ်!"
သူပြောတာတော့မှန်ပေမဲ့ ချက်ကောင်းထိသွားတဲ့ကောင်လေးမှာတော့ အင်တင်တင်..။

"အခုကရော ဘာကိစ္စလဲ?"

"ဘာကိစ္စရမှာလဲ? ငါ့ဘာငါဒီမှာနေနေတာလေ ၊မင်းကလာငိုနေတာ"

You've reached the end of published parts.

⏰ Last updated: Nov 30, 2023 ⏰

Add this story to your Library to get notified about new parts!

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now