ညှို့မျက်ဝန်း
Chapter 15💜
"ရုပ်ဆိုး!"
ငိုရမဲ့ကိစ္စလောက်ထိမဟုတ်ပေမဲ့ ငိုမိသွားတယ်။ မလုပ်နိုင်ရင်မလုပ်ဘဲနေလို့ရပေမဲ့ အတင်းကြိုးစားမိတယ်။ ဒါပေမဲ့ ဖြစ်မလာခဲ့ဘူး။ အကူအညီမပေးဘူးလို့ပြောသွားပေမဲ့ သူ့ကိုပဲလိုအပ်နေခဲ့တယ်။ တကယ်လိုအပ်နေတာမို့လို့ လိုအပ်နေတဲ့အချိန်ရောက်လာပေးလို့ ... သူ့ကိုမြင်ပြီးပိုငိုမိသွားတယ်။
"ဘာလို့ငိုနေတာလဲ?ဘာဖြစ်လို့လဲ ဟမ်!ငါ့ကိုပြော .. ဘာဖြစ်လို့လဲလို့?"
တံခါးဖွင့်ဖွင့်ချင်းမြင်လိုက်ရတဲ့မြင်ကွင်းက ရင်ဘတ်ထဲကိုအင့်ခနဲပဲ၊သူတောင်မသိလိုက်တဲ့မြန်ဆန်မှုနှုန်းနဲ့ Jimin ရှိတဲ့ဘက်ကိုရောက်သွားပြီး စိုးရိမ်တကြီးမေးတော့သည်။
မျက်လုံးနဲ့လည်းတကိုယ်လုံးကိုလိုက်ကြည့်ပြီး လက်ကလည်းဟိုစမ်းဒီစမ်းနဲ့ တစ်ခုခုများဖြစ်လေလို့လားပေါ့။"ဒါကြီးက ဖြုတ်လို့မရဘူး"
"ဟင် .. ဒါကြီး? ဒီကြိုးကိုပြောတာလား"
"အွန်း .."
သူမေးတာကိုဖြေပေမဲ့ Jimin ကအငိုမတိတ်သေး.။ တစ်ခုခုကိုမုန်းတဲ့ကလေးလိုပဲ ခါးပတ်ကြိုးကိုခါးခါးသီးသီးဖြစ်နေတာ။"ဒါဖြုတ်လို့မရတာနဲ့ဘာလို့အဲ့လောက်ငိုနေတာလဲ? ကလေးလည်းမဟုတ်ဘဲနဲ့ကို ..."
"Jungkook ပဲရအောင်ဖြုတ်ဆို၊ ကျွန်တော်မှဖြုတ်လို့မရတာ"
အမှန်ပါပဲ .. သူငိုတာကျွန်တော့်ကြောင့်။ သူငိုတာမြင်တော့စိတ်ပူသွားပေမဲ့ အခုတော့ကိုယ့်ကိုယ်ကိုပဲဒေါသထွက်မိတော့တယ်။ ငိုနေတာလည်းကြည့်ဦး ... အခုထိရှိုက်နေတုန်း၊
"Jeon .. ဘာဖြစ်လို့လဲ"
Jimin ကိုစိုးရိမ်ပြီးပြာယာခတ်နေတဲ့ Jungkook ကို Hyori တို့ကားပေါ်မတက်ခင်လှမ််းမြင်လိုက်သည်။ တဖက်ကကားတံခါးမှာရပ်ပြီး စကားပြောနေတာမို့ ဘာဖြစ်လဲသ်ိရအောင် အနောက်ကလိုက်လာကြခြင်း၊
"သြော် .. ဘာမှမဖြစ်ပါဘူး။ Hyoriတို့မပြန်ရသေးဘူးလား?"
"ပြန်မလို့ပဲ ၊ Jeon ပြေးသွားတာမြင်လိုက်လို့လေ။ ဘာများဖြစ်လို့လဲလို့"
![](https://img.wattpad.com/cover/238701653-288-k853815.jpg)