Chapter 17💜

7.1K 763 60
                                    

ညှို့မျက်ဝန်း

Chapter 17💜


"Jungkook"

"ရုပ်ဆိုး ... ငါသည်းမခံနိုင်တော့ဘူး"

ဒီအနေအထားနဲ့ဒီစကားလုံးတွေက ဒီကလေးအတွက်မသင့်တော်မှန်းသိပေမဲ့ တကယ်ကိုထိန်းချုပ်လို့မရတော့ဘူးဘေးနားမှာသူရှိနေတာကိုသိသိကြီးနဲ့ မသိသလိုနေလိုက်ဖို့ဆိုတာလည်းဖြစ်နိုင်တော့ဘူး

Jungkook ပြောလိုက်တဲ့စကားကြောင့် Jimin
အသက်ရှုမြန်လာပြီး အရောင်လဲ့နေတဲ့မျက်လုံးတွေကို မျက်တောင်ခပ်ဖို့တောင်မေ့နေလေသည်။တချိန်တည်းမှာပဲ နောက်ထပ်ဆွဲဆောင်မှုဖြစ်တဲ့ အနံ့တွေကထွက်လာလေ၏။

"ရုပ်ဆိုး"

" ... "

"ငါမင်းကိုနမ်းလို့ရမလား"

ဒါပထမဆုံးပါပဲ
ဒါမျိုးအမေးခံတာရော
ဒီလိုအမေးခံလို့ပေါက်ကွဲမတတ်ရင်ခုန်နေတာရော
ဘာပြန်ပြောမှန်းသိပေမဲ့ ငြင်းလိုက်တာမျိုးတော့မဟုတ်ပါဘူးလက်ခံလိုက်ဖို့ကလည်းဝံ့ရဲလို့

ဘာမှပြန်မဖြေဘဲ အူတူတူလေးကြည့်နေတဲ့ကောင်လေးကို Jungkook အသည်းယားလာ၏၊ ထို့နောက်တော့ အဖြေကိုစောင့်မနေတော့ဘဲ နမ်းချလိုက်သည်။

အေးခနဲဖြစ်သွားတဲ့ခံစားချက်နဲ့အတူ နဖူးပြင်ကိုလာထိတဲ့နူးညံ့တဲ့နှုတ်ခမ်းတစ်စုံ။
အသက်ရှူသံတွေပိုမြန်လာပြီး အနံ့တွေကလည်းပိုထွက်လာတယ်။ ဒီပုံစံအတိုင်းသာဆို တကယ်ပဲရင်ဘတ်ကြီးပေါက်ထွက်လေတော့မလား?

"ရုပ်ဆိုး!"

Jimin ရဲ့နဖူးကိုခပ်ဖွဖွလေးနမ်းလိုက်ပြီးတော့ မျက်နှာလေးကိုသေချာပြန်ကြည့်သည်။နဖူးမဟုတ်ဘဲ သူ့စိတ်အလိုရှိတိုင်းသာလုပ်လိုက်မိရင် တစ်ခုခုကိုကျူးလွန်မိတော့မှာအမှန်။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )حيث تعيش القصص. اكتشف الآن