Chapter 9💜

7K 845 59
                                    

ညှို့မျက်ဝန်း

Chapter 9💜



"Jungkook"

"ဟင်?"

"ကျွန်တော့်နောက်ကပဲသေချာလိုက်ခဲ့နော်"

ပြောနေရင်းနဲ့ပင် လက်ကနေဆွဲခေါ်သွားသောထိုကောင်လေး။တစ်နေရာရောက်တော့ကျွန်တော့်ပုခုံးကိုလှမ်းကိုင်တယ်။နည်းနည်းတော့တွန့်လိုက်မိပေမဲ့ သူ့အထိအတွေ့ကနူးနူးညံ့ညံ့လေး။

"Jungkook ဒီမှာထိုင်လို့ရတယ်။ဒါကုတင်"

"ကုတင်?"

"အင်း Jungkookအခန်းထဲကဟာလိုမျိုးပဲ။ဒါပေမဲ့ ဒါကသေးတယ်"

ဂိုထောင်ဆိုတော့ ပစ္စည်းအဟောင်းတွေပြွတ်သိပ်ထည့်ထားတာ။ ထည့်တာကြာတော့ ဘာရှိလို့ရှိမှန်းတောင်မသိတော့ဘူး။

"ခဏနော်"

"ဘယ်ကိုလဲ?"
Jimin ထသွားဖို့လုပ်တော့ လွတ်သွားတဲ့လက်ကို Jungkook အမြန်လှမ်းဆွဲထားသည်။မမြင်ရပေမဲ့ချက်ချင်းမိသွား၏။

"အရမ်းမှောင်လို့လေ။ ဟိုနားကအကာတွေသွားဖယ်မလို့"

"ဝေးလား?"

"Jungkook ဘေးမှာ"

ဘာမှမပြောဘဲလက်ကိုလွှတ်ပေးလိုက်သည်။ Jimin ပြောတာမှန်သည်၊ ဒီနေရာကလုံးဝကိုအမှောင်အတိ။သူပြောတဲ့အကာဆိုတာတွေဖယ်လိုက်တော့ ကွက်တိကွက်ကြားအလင်းသေးသေးလေးများဝင်လာသည်။ အရမ်းကြီးလင်းသွားတာမျိုးမဟုတ်ပေမဲ့ သိပ်မမှောင်တော့။ သို့သော် သူ့မျက်လုံးများကညှို့ယူဆဲ!

"Jungkook"

"..."

"ကျွန်တော်အိပ်လို့ရမလားဗျ?"

ပုံမှန်ဆိုဒါအိပ်ရမဲ့အချိန်ပါပဲ။

"အိပ်ချင်အိပ်ပေါ့။ မင်းမျက်စိနဲ့မင်းလေ"

"Jungkook ကမအိပ်ဘူးလား?"

"မအိပ်ဘူး။ဒီလောက်ညစ်ပတ်တဲ့နေရာမှာ အိပ်စရာလား?"

"ညစ်ပတ်နေတာဘယ်လိုသိတာလဲ?"

"သိတာပေါ့။အစုတ်အပျက်တွေထည့်ထားတာ မညစ်ပတ်ပဲနေမလား?အနံ့ရတာနဲ့တင်ခေါင်းကိုက်နေပြီ"

Jungkook ကပြောလည်းပြော နှာခေါင်းထိပ်နားကိုလည်းလက်နဲ့ပွတ်ပြီး မသတီသလိုလုပ်လိုက်သေးသည်။ Jungkook ပုံစံကိုကြည့်ပြီး Jimin ဘာမှထပ်မပြောတော့ဘဲ ကုတင်လို့သူပြောတဲ့နေရာလေးပေါ်တက်ပြီးကွေးကွေးလေးအိပ်လိုက်၏။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now