Chapter 20💜

7.2K 721 95
                                    

ညှို့မျက်ဝန်း

Chapter 20💜


"ရုပ်ဆိုး"

" ဟင်?"

"ထပ်မငိုနဲ့တော့။ ငါမင်းကိုနမ်းမိတော့မယ်"

" ... "

ဟုတ်ပါ၏။ သူငိုနေတဲ့ပုံကိုကြည့်ရင်း အသည်းယားယားဖြစ်လာတာဖက်ပြီးနမ်းပစ်ချင်စိတ်ကတဖွားဖွားပဲ။ သူငိုတာတိတ်သွားမလားလို့ခြိမ်းခြောက်ကြည့်တာပါ မတိတ်သေးရင်တော့တကယ်နမ်းပစ်မှာပေါ့

Jungkook ပြောလိုက်တော့ Jimin အငိုရပ်သွားသည်။ ရှိုက်သံသဲ့သဲ့ကတော့မစဲသေး။ အဖြစ်အပျက်ကမြန်ဆန်လွန်းတော့ ဘာကဘာဆိုတာ Jimin မသိတော့။Jungkook ကိုစိုးရိမ်နေတာသာ ခေါင်းထဲရောက်လာပြီးသူ့အကြောင်းတွေအမေးခံရတော့မှာကိုလည်း တွေးမိလာသည်။

"ရုပ်ဆိုး"

"ဗျာ?"

"ဒီတပတ်ပိတ်ရက်ကျ ခရီးထွက်ရအောင်"

"ခရီး?"

"အင်းလေ၊ ဘာလဲ .. မသွားချင်ဘူးလား?"
အဆက်အစပ်ရှိ ခရီးသွားမည်ဟုဆိုနေတာ ဘာသဘောတရားပါလိမ့်။ ကျွန်တော်ထင်ထားတာက ခုနကအဖြစ်အပျက်ကိုအသေးစိတ်မေးတော့မယ်လို့ပေါ့။ဘာလို့လဲ .. ဘာလို့သူမမေးတာလဲ?

"ဘာလဲ... တကယ်မသွားဘူးလား?"

"မ .. မဟုတ်ပါဘူး"

"အဲ့ဒါဆိုသွားကြမယ်နော် Okလား?"

"ဟုတ်ကဲ့"

ညကအနာရှိန်ကြောင့် Jungkook တစ်ညလုံးညည်းသည်။ Jimin လည်းတစ်ညလုံးမအိပ်ဘဲ ဘေးကထိုင်ပြီး သက်သာအောင်လုပ်ပေးသည်။ နိုးသွားမှာစိုးလို့ သူမသိအောင်လည်းတိတ်တိတ်လေးငိုခဲ့သေးသည်။
ဒီအဖြစ်အပျက်ကြီးကဘယ်လောက်ကြောက်ဖို့ကောင်းလဲဆိုတာ Jimin သာအသိဆုံးမို့။

×××

ဒီရက်ပိုင်း Jungkook ကအလုပ်တွေဖိလုပ်သည်။ ပိတ်ရက်ကိုခရီးသွားနိုင်ဖို့ ကြိုတင်အလုပ်တွေပါစီစဥ်ထားခဲ့ပြီး တော်တော်လေးအလုပ်ရှုပ်နေခဲ့သည်။ ဘာအကြောင်းရယ်ကြောင့်မသိပေမဲ့ Jimin ကမျက်နှာသိပ်မကောင်း။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now