Chapter 25💜

6K 672 160
                                    

ညှို့မျက်ဝန်း

Chapter 25💜


"အစ်မSulli !"

တကယ်ကိုနမ်းခါနီးလေးမှ၊ အချိန်ကောင်းကိုမှ အစ်မSulli ကရောက်လာတာ။ ဒါပေမဲ့ ကျွန်တော်တို့ဘာမှမလုပ်ရသေးပါဘူး။

"Jungkook .. မင်း ငါ့မောင်ကိုဘာလုပ်နေတာလဲ?"

"ဗျာ?ကျွန်တော်ဘာမှမလုပ်ရသေးပါဘူး"

"လုပ်တော့မလို့လေ .. မင်းလက်က?"

"အမ်! အာ .."

အစ်မSulli ပြောမှသတိထားမိလိုက်တာကျွန်တော့်လက်က ရုပ်ဆိုးရဲ့ရင်ဘတ်ပေါ်နေရာယူပြီးးနေပြီ။ ဒါပေမဲ့ အဲ့ဒါကလည်းအဝတ်တွေကူချွတ်ပေးရင်းနဲ့ပါ၊

"ကလေးကနေကောင်းတာမဟုတ်ဘူးနော် .. Jungkook "

အဲ့ဒါတော့ကျွန်တော်လည်းသိပါတယ်နေကောင်းပေမဲ့ ကျွန်တော်တို့ကတစ်ခါချစ်ပြီးပြီဆိုတာ သူသာသိတာအခုကလည်း နေကောင်းတဲ့သူ့မောင်ကပဲ ကျွန်တော့်ကိုမြူဆွယ်နေတာလေ ။ ကျွန်တော်ကဘယ်လိုလုပ်မှာတဲ့လဲ?

"အစ်မSulli .. ဘာပြောစရာရှိလို့လဲ?"

"minလေးအတွက်က စွပ်ပြုတ်ပဲရမယ်လို့၊ ကျန်တာကလောလောဆယ်ဘာမှမရှိသေးဘူး၊ အဲ့ဒါလာပြောတာ"

"သြော်... ရပါတယ်။ စွပ်ပြုတ်ကိုပဲကောင်းကောင်းလေးလုပ်ပေးပါ"

"အင်း။အဲ့ဒါဆို အစ်မသွားလုပ်လိုက်မယ်နော်။ ခဏပဲစောင့်"

"ဟုတ်ကဲ့"
Jimin ဝင်ပြောလိုက်တော့မှ အစ်မSulli ကပြောစရာရှိတာပြောပြီးထွက်သွားသည်။ သို့သော် တစ်ခုခုကိုသတိရသွားသလိုနဲ့ အနောက်ကိုပြန်လှည့်လာပြီး ..
"Jeon Jungkook"

"ဗျာ? "

"မင်း .. ငါ့မောင်ကိုဘာမှလုပ်ဖို့မစဥ်းစားနဲ့နော်၊ ငါလာ,လာချောင်းမှာ"

"ဟုတ်ကဲ့ပါ"

"အဝတ်ပဲသေချာလဲပေးထားလိုက် ကြားလား?"
Jungkook ခေါင်းငြိမ့်ပြရုံသာ၊

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now