Chapter 16💜

6.9K 824 94
                                    

ညှို့မျက်ဝန်း

Chapter 16💜


"Jungkook ... Jungkook"
တံခါးခေါက်သံနဲ့အတူ  ပါလာတဲ့အော်သံသေးသေးလေး။

ညကသူ့အကြောင်းတွေဥ်းစားနေလို့တော်တော်နဲ့အိပ်ပျော်ဘူးမိုးလင်းခါနီးမှအိပ်ပျော်သွားတာကို အခုအစောကြီးလာနှိုးနေပြန်ပြီ

"Jungkook ... အောက်မှာဧည့်သည်ရောက်နေပါတယ်ဗျ"

ဧည့်သည်ဆိုတာ မန်နေဂျာကြီးမှန်းJungkookသိသည်။ ညကပြဿနာကြောင့် အိမ်ထိရောက်လာမှန်းလည်းသိသည်။ ရှောင်ပြေးနေလို့ပြီးသွားမဲ့ကိစ္စမဟုတ်တာမို့  မရှင်းချင်လည်းရှင်းရမည်ဖြစ်သည်။

Jungkook အိပ်ယာကနေကုန်းရုန်းထလာပြီးတံခါးဖွင့်သည်။ ခဏနေဆင်းလာမယ် ဆိုတာကို Jiminနဲ့အမှာပါးလိုက်ပြီး ကိုယ်လက်ဆေးကြောဖို့ပြင်သည်။

...

နောက်ကျောကိုမြင်ရတာတောင် ဘယ်လောက်ဒေါသထွက်နေမှန်းသိသာနေသည်၊

"ရောက်နေတာကြာပြီလား?"

"Jeon  Jungkook! မင်းဘယ်လိုလုပ်လိုက်တာလဲ?"

"ဘာကိုလဲ?"

"ဘာကိုလဲ ဟုတ်လား? မင်းလုပ်ထားတာမင်းမသိတော့ဘူးလား? အဲ့ဒါကဘယ်လောက်ထိပြဿနာကြီးသွားနိုင်တယ်ဆိုတာ သိရဲ့သားနဲ့ကွာ "

"ကျွန်တော်သိပါတယ် အစ်ကိုရာ။ ဒါပေမဲ့ ဒီပြဿနာကသူအရင်စတာ"

"ငါအကုန်သိပြီးပြီ Jungkook ..၊ သူနဲ့ဖြစ်တာဟိုတစ်ယောက်လေ မင်းကဘာလို့ဝင်ပါရတာလဲ? ပြီးတော့ကိစ္စတွေအကုန်ပြီးနေမှ မင်းကအရင်သွားလုပ်တာဆို"

"ဘာကိုပြီးရမှာလဲ? သူကရုပ်ဆိုးကိုမိန်းမလုပ်မလားလို့မေးတာတဲ့"

"ဘာ?"

"အစ်ကိုအကုန်သိတယ်ဆို။ ဒါတွေကျသူတို့ကမပြောပြလိုက်ဘူးလား? ဒီကလေးကိုမိန်းမလုပ်ပေးလို့လည်းပြောတယ်။ကိုယ်ထိလက်ရောက်လည်းစော်ကားတယ်"

"အဲ့အတွက်သူပြန်ပြီးတုံ့ပြန်လိုက်တာပဲမလား?"

"အဲ့လောက်နဲ့ရမလားဗျ? အဲဒီ့အချိန်တုန်းကသူဘယ်လောက်ကြောက်နေလဲအစ်ကိုသိလား။ ဒီကလေးကအစ်ကိုခေါ်လာတဲ့သူဆိုတော့ သူ့အကြောင်းကိုအစ်ကိုကပိုသိမှာပေါ့။ ဘာမှနားမလည်မသိတတ်သေးတဲ့ကလေးကို သူအဲ့လိုကြီးစော်ကားလိုက်တာတောင် ကျွန်တော်ကဘာမှမလုပ်ရတော့ဘူးတဲ့လား? ဒါဆိုဒီကလေးကိုဘယ်သူကကာကွယ်ပေးမှာလဲ .. အစ်ကိုလား?ဒါမှမဟုတ် ဟိုးအဝေးကြီးမှာရှိနေတဲ့သူ့အဖေလား? သူသာ ဘာမှမလုပ်ခဲ့ရင်ကျွန်တော်လည်းဘာမှလုပ်မှာမဟုတ်ဘူး"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Donde viven las historias. Descúbrelo ahora