Chapter 29💜

5.3K 673 84
                                    

ညှို့မျက်ဝန်း

Chapter 29💜

"ဟယ်လို"

"Jungkook ဘယ်လိုဖြစ်တာလဲကွာ?"

"ဘာဖြစ်လို့လဲ အစ်ကို"

ငိုလက်စမျက်ရည်တွေကို ခပ်မြန်မြန်သုတ်လိုက်ပြီး တစ်ဖက်ကအပြောကိုအမေးတုံ့လိုက်သည်။

"မင်းဟာလေးပါသွားတာလေ "

"ဗျာ! ပါသွားတယ်? ဘယ်လိုပါသွားတာလဲ?ဘာဖြစ်တာလဲ အစ်ကို။ ကျွန်တော်နားလည်အောင်ပြောပြပါဦး"

"မင်းတို့ကအတူတူရှိနေတာမဟုတ်ဘူးလား?"

"ဟုတ်တော့ဟုတ်တယ်၊ ဒါပေမဲ့ ခုနကသူစားဖို့ကျွန်တော်မုန့်သွားဝယ်နေတာ ။ အခုပြန်လာတော့ သူမရှိတော့ဘူး"

"ဟာ ... အဲ့ဒါဆိုပြဿနာပဲ"

"ဘာလို့လဲ အစ်ကို၊ ကျွန်တော့်ကိုမြန်မြန်ပြောပါဗျာ ။ ကျွန်တော်ရင်တွေပူလို့သေတော့မယ်"

"သူ့ကိုခေါ်သွားကြပြီ။ အခုပဲသတင်းတက်လာတာ မင်းဖုန်းဖွင့်ကြည့်လိုက်"

မန်နေဂျာကြီးစကားအတိုင်း ပြောလက်စကိုရပ်ပြီး social media ကိုကြည့်သည်။
မြင်ကွင်းကမရှုမလှပင်။ ရက်စက်လွန်းလှ၏၊ အသည်းတွေကွဲကြေရပါ၏။

အမျိုးအမည်သိသောထူးဆန်းသတ္တဝါအား ဖမ်းဆီးရမိ

ဒါဘယ်လိုအခြေအနေကြီးလဲ? ဒီကောင်လေးနဲ့ပတ်သတ်လို့ သူကဘယ်လိုဘယ်ဝါပါဆိုပြီး ဘယ်သူ့ကိုမှပြောခဲ့သလိုမည်သူမှလည်းသိရှိနိုင်ဖုံးကွယ်ထားခဲ့ခြင်းက ကာကွယ်ပေးခြင်းလို့ ယူဆခဲ့တာ ..အခုတော့?

"ဟယ်လို .. Jungkook ငါပြောတာကြားလား? Jungkook .."

"အစ်ကို အခုကျွန်တော့်ဆီလာပေးပါ"

"ဟမ်!အေးအေး အခုလာခဲ့မယ်။အဲဒီ့မှာပဲစောင့်နေ"

×××

"Jungkook"

"အစ်ကို!"

"မင်းစိတ်ထိန်းဦးလေကွာ။ ဘာလို့အခုတည်းကဒီပုံစံဖြစ်နေရတာလဲ"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Wo Geschichten leben. Entdecke jetzt