Chapter 7💜

6.9K 840 19
                                    

ညှို့မျက်ဝန်း

Chapter 7💜



"ရော့.."

ခက်ရင်းမကိုင်တတ်ဓားမကိုင်တတ်နဲ့ Jiminက ကြည့်ရတာအဆင်မပြေတာမို့ Jungkook ကသူ့ပန်းကန်ကိုပေးဖို့တွေးထားခဲ့သည်။အသားတွေလှီးပြီး ပန်းကန်ပေးဖို့လုပ်နေတုန်း Gwenryu ကဦးသွားခြင်းဖြစ်၏။

ဘာမှမပြောဘဲ လဲပြီးချပေးတဲ့ပန်းကန်ထဲကအသားတွေကိုစားနေတာမို့ ...

"ဒါလေးတောင်မလုပ်တတ်ဘူးလား?"

"..?"

အစကသူကိုယ်တိုင်လုပ်ပေးမလို့ပေမဲ့ သူများလုပ်ပေးလိုက်တာကိုလက်ခံလိုက်တာကြောင့် Jungkook ပိုလို့စိတ်တိုသွားသည်။ဒီအသေးလေးနဲ့ပတ်သတ်ရင် သူကပဲလောဘကြီးနေလွန်းနေသလား? အရာရာသူနဲ့ပဲဆိုင်သလို သူကပဲပိုင်သလိုလုပ်ချင်လွန်းနေသည်။

စားသောက်ပြီးကြတော့ Jungkook တို့အလုပ်ကိစ္စပြောကြသည်၊ သူတို့ပြောတဲ့အကြောင်းအရာတွေကို Jiminတစ်ယောက်ဘာမှနားမလည်။ ဘေးမှာထိုင်နားထောင်ရင်း အိပ်ငိုက်လာတဲ့အထိ။

"ကောင်လေး  အိပ်ချင်နေပြီထင်တယ်"

၃ယောက်သားစကားပြောနေရင်းတောင် Gwenryu ကJiminကိုအာရုံစိုက်မိသည်။

ငိုက်ကျလာတဲ့ခေါင်းက သူ့ကိုမထိတထိလာငြိနေပေမဲ့ Jungkook ဘာမှမပြောဘဲငြိမ်နေခဲ့သည်။ သို့သော် Gwenryuပြောလိုက်တဲ့စကားကိုမနှစ်မြို့တာကြောင့် စောင်းနေတဲ့ခေါင်းကိုလက်ညှိုးနဲ့ထိုးချလိုက်ပြီး ...

"ဒါအလုပ်ချိန်  ငိုက်မနေနဲ့"

အလုပ်စဝင်တာမကြာသေးပေမဲ့ နေ့စဥ်ဆက်တိုက်ပင်ပန်းနေတာကြောင့် Jimin ခြေကုန်လက်ပန်းကျနေခြင်းပင်။မငိုက်အောင်သတိကြီးကြီးထားပေမဲ့လည်းလို့  သူကိုယ်တိုင်သတိမထားမိဘဲဖြစ်ပျက်သွားခြင်းသာ။

Jungkookကြောင့်လန့်နိုးသွားပြီး ဘေးကလူတွေကြောင့် Jiminအနည်းငယ်ရှက်ကိုးရှက်ကန်းဖြစ်သွားသည်။ မျက်လုံးကိုလက်နဲ့ဖွဖွလေးပွတ်ပြီး ခါးကိုမတ်မတ်လေးပြန်ထိုင်လိုက်သည်၊ အစောကငိုက်နေတာသူမဟုတ်တော့သလို၊

"ဒါဆို ဒီလောက်ပဲလေ။အဲ့နေ့ကျမှတွေ့ကြတာပေါ့"

ဒီလိုခပ်မြန်မြန်အဆုံးသတ်လိုက်တာက Jiminကြောင့်ဆိုတာ လူတိုင်းသိသည်၊ ဒီလူကဒီအသေးလေးကို အရမ်းအာရုံထားလွန်းနေ၏၊ ထို့ကြောင့်လည်း Jungkook ကြည့်မရဖြစ်နေသည်မှာအမှန်!

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now