Chapter 14💜

6.9K 788 101
                                    

ညှို့မျက်ဝန်း

Chapter 14💜


"သူကဘာလဲ?"

ဒီအစ်ကိုလည်းကျွန်တော့်လိုပဲ ဒီမျက်လုံးတွေရဲ့ဒဏ်ကိုမခံနိုင်ဘူး။

"ဘာကိုဘာရမှာလဲ လူလေ"

"လူမှန်းတော့သိတာပေါ့ကွ။ ဘာလို့ ... "

"မေးခွန်းတွေနောက်မှမေးပါ အစ်ကိုရာ၊ သူ့မျက်လုံးတွေကိုအရင်ကြည့်ပေးစမ်းပါ ... လုပ်ပါ"

"အေး ... ၊ လာ ဒီဘက်ကို"

မျက်လုံးစမ်းသပ်တာတွေလုပ်တော့ ရုပ်ဆိုးကငိုတယ်။ ကိရိယာတွေရဲ့ဒဏ်ကို သူ့မျက်လုံးကမခံနိုင်လို့ထင်တယ်၊ အဲ့ဒါကြောင့်ဒီမျက်မှန်ကို သူအရမ်းအလေးထားနေတာ .. သူ့အဖေနဲ့တုန်းကလည်းဒီလိုပဲနာကျင်နေခဲ့ရမှာ။

"Jungkook"

"ဗျာ?"

"သူ့အရင်မျက်မှန်ကရော?"

"ကျိုးသွားပြီ"

"အဲ့အကျိုးဘယ်မှာလဲ .. ယူလာလား?"

"ဟင့်အင်း .. မယူလာခဲ့ဘူး၊ လိုလို့လား?"

"အေး အဲ့ဒါကိုကြည့်ရမှာမို့လို့။ သူ့မျက်လုံးကသူများတွေလိုအလင်းလိုနေတာမဟုတ်ဘူး ပိုနေတာ။ ပြောရရင်မင်းတို့ငါတို့လိုလူတွေက မျက်စိအလင်းလျှော့သွားလို့၊မှုန်သွားလို့မျက်မှန်လုပ်ကြပေမဲ့ သူကကျပြောင်းပြန် ... အလင်းအားအရမ်းပြင်းနေတယ် "

"အစ်ကိုလုပ်မပေးနိုင်ဘူးလို့ပြောတာလား?"

"မင်းကလည်း .. ငါလည်းမျက်စိအထူးကုပါကွ၊ လုပ်နိုင်ပါတယ်။ ကျိုးသွားတဲ့ဟာကိုပဲလိုတာ "

Jungkook စိတ်အနှောက်အယှက်ဖြစ်သွားသည်၊ ပြဿနာဖြစ်ခဲ့တဲ့နေရာဆိုတော့ ရှိနေသေးရဲ့လားတောင်မသေချာသလို သူကိုယ်တိုင်သွားယူဖို့ကလည်းမဖြစ်နိုင်။

စမ်းသပ်ပြီးလို့ အကာကွယ်မရသေးတဲ့ Jiminရဲ့မျက်လုံးတွေကအဝတ်နဲ့ပြန်အုပ်ပေးထားရတုန်းမို့လည်း စိတ်ကမချနိုင်၊

×××

Jungkook ဘာလုပ်ရမှန်းမသိစဥ်းစားနေတုန်း ရုတ်တရက်ဖုန်းဝင်လာသည်။ *Manager*

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Tahanan ng mga kuwento. Tumuklas ngayon