Chapter 4💜

6.7K 874 6
                                    

ညှို့မျက်ဝန်း

Chapter 4💜


"ရုပ်ဆိုး ရုပ်ဆိုးး"

အခန်းထဲကနေ အသံပြဲကြီးနဲ့အော်နေတာ ... Jiminကလုံးဝမကြား..၊

တစ်နေကုန်အခန်းထဲနေရတာမို့ Jungkook မွန်းကျပ်လာသည်၊ ခြေထောက်ကအနာရှိန်ရှိသေးပေမဲ့ ဒီလိုကြီးဆက်မနေချင်တာကြောင့် Jiminကိုလှမ်းခေါ်နေခြင်းဖြစ်၏။

"ဒီဟာလေးကငါခေါ်နေတာကိုမလာဘူး... ဘယ်သွားနေပြန်တာလဲ"

သူဘယ်လောက်ပဲခေါ်ခေါ် ရောက်မလာတဲ့အသေးလေးကို အနည်းငယ်စိတ်တိုလာပြီး ကိုယ့်ကိုယ်ကိုသာအားပြုလို့ထလိုက်တော့၏။

ဖြေးဖြေးချင်းသတိထားလျှောက်ပြီး အနားရောက်တော့ တံခါးကိုအဖွင့် .....

"အ့ာ!"

ရုတ်တရက်ပွင့်လာတဲ့ တံခါးနဲ့နဖူးကိုတိုက်မိပြီး မနိုင်သေးတဲ့ခြေထောက်က ထပ်ခွင်ကျသွားသည်။

"သေပါပြီ။ အာ... မင်း"

မတ်တပ်ရပ်နေတဲ့ Jimin ကိုမြင်ပေမဲ့ ကြိမ်းဝါးဖို့စကားတောင်မထွက်နိုင်တော့ဘဲ တိုက်မိတဲ့အရှိန်ကြောင့်နာနေတဲ့နဖူးကိုပွတ်သပ်နေရသည်။

"Jungkook! ဘာဖြစ်သွားသေးလဲဗျ?"

"မင်းကိုငါမခေါ်နဲ့လို့ပြော...အ့ာ!"

"ဟုတ်"

လာရွဲ့နေတာလား.. အဲ့ဟုတ်က?

"ဘာလုပ်နေတာလဲ မြန်မြန်ထူပေးလေ"

Jungkookအော်လိုက်တာကြောင့် Jiminလန့်သွားပြီး လဲနေတဲ့သူ့ကိုပြာပြာသလဲထူပေးလိုက်သည်။
ခြေထောက်ကိုသတိထားတွဲခေါ်ရင်း ကုတင်စွန်းမှာထိုင်စေလိုက်၏။

"သေပါပြီ နာလိုက်တာကွာ။ ... မင်းငါ့ကိုတမင်လုပ်ကြံနေတာမလား"

"ဗျာ .. မဟုတ်ပါဘူး။ ကျွန်တော်လုံးဝမလုပ်ကြံပါဘူးဗျ ကျွန်တော့်မှာအဲ့လိုလုပ်ပိုင်ခွင့်မရှိပါဘူး"

"ဘာတွေပြောနေပြန်တာလဲ?"

Jiminရဲ့စကားကို Jungkookနားမလည်၊ငါကဘာပြောလို့သူကဘာပြောတာလဲ ဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ပြီး ...

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now