Chapter 13💜

6.9K 818 133
                                    

ညှို့မျက်ဝန်း

Chapter 13💜


အချိန်ကိုက်ဝင်လာတဲ့ Lee Hyori နဲ့ Gwenryu ကအဖြစ်အပျက်အစအဆုံးမမြင်လိုက်တာကြောင့် ထိုမြင်ကွင်းကိုအံ့သြသွားသည်။ Jungkook ရင်ခွင်ထဲက Jiminကိုအရင်ကြည့်နေပြီးမှ တစ်စက်ချင်းကျလာတဲ့ သွေးတို့ကိုမြင်၏။

"Jeon ... သွေးတွေ!"

...

အဖြစ်အပျက်တွေကမြန်ဆန်လွန်းတော့ ဘာကဘယ်လိုဖစ်သွားမှန်းသေချာမသိ ။ Hyoriကခေါင်းကိုပတ်တီးစည်းပေးနေတော့ ရုပ်ဆိုးကဘေးမှာရပ်ပြီးကျွန်တော့်ကိုကြည့်နေတယ်။ အကြည့်တွေက ကျွန်တော့်ကိုအားနာနေတာ .. ၊အဆင်ပြေတဲ့အကြောင်း^း ပြုံးပြလိုက်ပေမဲ့ ..

"ကောင်လေး"

" ... "

"ဘာဖြစ်သွားသေးလဲ?"

"ဗျာ?"

"Mr.Jeon တောင်အရမ်းထိသွားတယ်ဆိုတော့ မင်းရောအဆင်ပြေရဲ့လားလို့ပါ"

"အာ .. ဟုတ်ကဲ့ ၊ ပြေပါတယ်ခင်ဗျ"

Gwenryu မေးတာဖြေပြီးတာနဲ့ Jungkook ကိုလှမ်းကြည့်လိုက်သည်၊ အစောကလေးတင်ပြုံးပြဖို့လုပ်နေတဲ့ မျက်နှာကချက်ချင်းအနေအထားပြောင်းသွားတာကြောင့် Jimin လန့်သွား၏။

"Jeon .. ဘယ်လိုနေလဲ? ခေါင်းမူးနေသေးလား"

"နည်းနည်းတော့မူးသလိုပဲ"

"ဟုတ်လား? အဲ့ဒါဆိုဆေးရုံသွားမလား "

"ဆေးရုံထိတော့မလိုပါဘူး။အိမ်ပြန်ပြီးခဏနားလိုက်ရင်သက်သာသွားမယ်ထင်တယ်"

"အွန်း .. အဲ့ဒါဆိုလည်း Hyori အိမ်ပြန်လိုက်ပို့ပေးမယ်လေ"

"အင်း"

Hyori က Jungkook ကိုထူရင်း အခန်းထဲကနေထွက်သွားသည်၊ Jiminလည်းအနောက်ကနေအထုပ်လေးပိုက်ရင်း တကောက်ကောက်။

"ငါဒရိုင်ဘာခေါ်ထားတယ်။မင်းဒီမှာပဲစောင့်နေ .. သူလာမှ တစ်ခါတည်းလိုက်ခဲ့လိုက်"

သူ့ကြောင့်ဖြစ်တဲ့ကိစ္စမို့ အားနာနေတဲ့ Jimin က Hyori ရဲ့စကားကိုဘာမှမတုံ့ပြန်၊ ... ကားပေါ်ထိုင်ပြီး မှေးနေတဲ့ Jungkook ကိုလှမ်းကြည့်ရင်း Hyori ပြောတဲ့အတိုင်းနေခဲ့လိုက်သည်။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Opowieści tętniące życiem. Odkryj je teraz