Chapter 2💜

7.3K 933 13
                                    

ညှို့မျက်ဝန်း

Chapter 2💜


"ဟိုရုပ်ဆိုး မရောက်သေးဘူးလား"

"ရောက်ပါပြီဗျ"

အမောတကောနဲ့ပြေးလာပြန်တဲ့ အကောင်ပေါက်ကိုကြည့်ပြီး Jungkook နှာမှုတ်လိုက်သည်၊
မေးရင်လည်းလမ်းပိတ်နေလို့ဆိုတာအပြင် ထပ်ကြားရမှာမဟုတ်တာကြောင့်....

"မြန်မြန်လုပ် ငါနောက်ကျနေပြီ"

"ဟုတ်"

မနေ့ညကကိစ္စကြောင့်ပဲလား Jeon Jungkookငြိမ်နေသည် ၊
တစ်ခုခုကိုသေချာတွေးနေပြီး အဖြေရှာရလည်းခက်နေသည်။

Park.Jiminကတော့ ငြိမ်လျက်သာ

.......

မနေ့ကပွဲထက်ပိုကြီးပြီး
လူတွေလည်းပိုများသလို အသံတွေလည်းပိုဆူသည်။

"Jeon"

"Hyori.... sorry ကိုယ်နည်းနည်းနောက်ကျသွားတယ်"

"အင်း. တို့လည်းအခုလေးတင်ရောက်တာ"

Lee Hyoriကစကားပြောရင်း Jiminကိုအကဲလှမ်းခတ်သည်၊
ဘာမှမသိတဲ့အူတူတူပုံကပဲ လူအများစိတ်ဝင်စားစရာ...

"Jeon .. ဆရာနဲ့တွေ့မယ်မလား"

"အင်း တွေ့မယ်လေ .. ရောက်နေပြီလား"

Hyoriညွှန်ပြတော့ Jungkookလည်းအလိုက်သင့် လေးလှမ်းကြည့်လိုက်သည်...
နောက်ကျောဘက်ပဲမြင်ရပေမဲ့ အလွန်ကြည့်ကောင်းသည့်အနေအထားမှာရှိသော...

Hyoriဦးဆောင်ပြီးထွက်သွားတော့ Jungkookအနောက်ကလိုက်သည်။

Jungkookလိုက်သွားတော့ Jiminပါ,ပါလာ၏။

"ဆရာ"

Hyoriအသံကြောင့် ဆရာဆိုသူကအနောက်ကိုလှည့်လာတော့ Jungkook ချက်ချင်းမျက်မှောင်ကြုတ်သွားသည်။

သို့သော် ဆရာက Jungkook အားသတိမထားမိ...

"ဟာ.. မင်း..."

Jungkookအနောက်ကJiminကိုသာ လက်ညိုးထိုးပြီး အံ့သြစဖွယ်ပြုံးပြသည်...။
Jiminလည်းပြန်ပြုံးပြတော့....

"ဆရာ သူ့ကိုသိတာလား"

"အင်း ဆုံဖူးတယ်"

Hyori မျက်ခုံးတချက်ပင့်လိုက်သည်...

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now