Chapter 11💜

7K 794 126
                                    

ညှို့မျက်ဝန်း

Chapter 11💜

"ဘယ်လိုဖြစ်တာလဲ?"

ကျွန်တော်တို့အိမ်ပြန်ရောက်ပြီး ခဏကြာတော့ရုပ်ဆိုးရဲ့အဖေပါပြန်ရောက်လာတယ်။ တစ်ယောက်ယောက်သတင်းပို့လိုက်တာကြောင့်ဖြစ်လိမ့်မယ်။ဘယ်လောက်ပဲတည်ငြိမ်တယ်ဆိုဦးတော့ သားဖြစ်သူအန္တရာယ်နဲ့ကြုံလာတာကို သူလည်းစိုးရိမ်ပါ၏?

"တောဝက်နဲ့တွေ့ကြတာပါ။minလေးအရမ်းလန့်သွားတယ် ဦးလေး"

သူ့အစ်မဆိုတဲ့သူကအဲ့လိုပြောတော့ ရုပ်ဆိုးအဖေကကျွန်တော့်ကိုလှည့်ကြည့်တယ်။ သူ့သားကိုဂရုမစိုက်ဘူးလားပေါ့လေ၊ဘယ်တတ်နိုင်ပါ့မလဲ ကျွန်တော်လည်းကြောက်တဲ့ဟာကို ။

"အခုဘယ်လိုနေသေးလဲ?"

"အိပ်ပျော်သွားပါပြီ။ဒါပေမဲ့ လန့်နေတုန်းပါပဲ"

"အိပ်နေပြီဆိုထားခဲ့လိုက်တော့"

"ဒါပေမဲ့ .."

"နင့်မှာလုပ်စရာတွေအများကြီးပဲမလား?သူ့နားမှာနေပြီးဘာလုပ်မလို့လဲ။ ဒီတိုင်းအိပ်ခိုင်းထားလိုက်။ နိုးလာရင်ကောင်းသွားလိမ့်မယ်"

ရုပ်ဆိုးရဲ့အဖေက သြဇာတော့ညောင်းတယ်။ သူပြောသမျှကိုအကုန်လုံးလက်ခံရတာချည်းပဲ။

သူတို့ကိုယ်စီထွက်သွားကြတော့ ရုပ်ဆိုးဘေးမှာ ကျွန်တော်တစ်ယောက်ပဲကျန်ခဲ့တော့တယ်။ ကျွန်တော်ကဧည့်သည်ဆိုတော့ လုပ်စရာမရှိဘူးလေ၊ ပြီးတော့ဒီညက ဒီမှာအိပ်ရမှာ။

"အွင်းးး"
Jungkook အိပ်ပျော်မလိုဖြစ်ခါနီးမှ တစ်ဖက်က Jimin ရဲ့ညည်းသံသဲ့သဲ့လေးထွက်လာသည်။

"ရုပ်ဆိုး"

"အင်းး"

"ရုပ်ဆိုး  ဘာဖြစ်လို့လဲ?ရေသောက်မလား?"

"ကြောက်တယ်"

"ဟွန်?"
Jimin ပြောတဲ့စကားကို Jungkook သေချာမကြား။ နှုတ်ခမ်းလှုပ်ရုံပြောလိုက်တဲ့ စကားဟာ လေသံသဲ့သဲ့လေးသာ။ ဘာပြောမှန်းသေချာသိရအောင် အနားကိုကပ်သွားတော့ Jimin ကသူ့ကိုဆွဲချပြီး ရင်ခွင်ထဲအတင်းတိုးဝင်လာသည်။

"ရုပ်.. "

"ကြောက်တယ်"
ဒီတစ်ခါတော့ ထိုအသံသေးသေးလေးကိုသူထပ်ကြားလိုက်ပါပြီ။ကြောက်တယ် တဲ့လား။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now