Chapter 12💜

7.1K 814 86
                                    

ညှို့မျက်ဝန်း

Chapter 12💜


"minလေးတို့ကမနက်ပြန်မှာဆိုတော့ လိုအပ်တာတွေထည့်ပေးဖို့  အစ်မပြင်ထားလိုက်မယ်။ ကောင်းကောင်းအိပ်လိုက်နော်"

"ဟုတ်ကဲ့"

Sulli ထွက်သွားတော့ အခန်းထဲမှာနှစ်ယောက်တည်းကျန်ခဲ့ပြန်သည်။ တစ်ယောက်နဲ့တစ်ယောက်ကြည့်ရင်း ခုနက,ကစားခဲ့တာကိုပြန်တွေးမိတော့ရှက်သလိုလို။
ဘယ်တုန်းကသူနဲ့အဲ့လောက်အနေနီးသွားပါလိမ့်?

"Jungkook"

"ဟင်?"

"ဒီနေ့ပင်ပန်းထားတော့ ကောင်းကောင်းအိပ်လိုက်နော်။မနက်ကျလည်းကားမောင်းရဦးမှာ"

"အင်း"

အခုကရောဘာပုံစံလုပ်နေပြန်တာလဲ? ခုနကပဲ ဆော့ခဲ့သေးတာကို အခုချက်ချင်းအနေစိမ်းသွားပြန်ပြီ။
နေရခက်လိုက်တာ!

Jimin ကသူ့ကိုကျောပေးပြီးတစောင်းအိပ်ပေမဲ့ Jungkook ကတော့ပက်လက်အနေအထားနဲ့သာ နေသည်။
လက်ကိုခေါင်းအောက်ထည့်ထားရင်း တစ်စုံတစ်ခုကိုလည်းတွေးနေသေးသည်။

"ရုပ်ဆိုး အိပ်ပြီလား?"

ဘာတုံ့ပြန်မှုမှပြန်မလာ။

"ရုပ်ဆိုး .. "

ဒုတိယအကြိမ်ခေါ်လိုက်တော့ Jimin ကရုတ်တရက်ကြီးထထိုင်ပြီး ..
"Jungkook"

သူခေါ်နေတုန်းကမထူးဘဲ ရုတ်တရက်ကြီးသူ့ကိုပြန်ခေါ်လာတော့ Jungkookလန့်သွားသည်။

"ကျွန်တော်နဲ့လိုက်ခဲ့မလား?"

"ဟမ်!"

×××

သူခေါ်လို့သာလိုက်လာတာ တစ်လမ်းလုံးမှောင်မဲနေတာပဲ။ သူကမြင်နေရတဲ့လူဆိုတော့ ကျွန်တော့်လက်ကိုဆွဲပြီးအရှေ့ကနေသွားတယ်၊ဘယ်နေရာကိုသွားမှန်းမသိပေမဲ့ ခံစားချက်ကအမြင့်တစ်နေရာကိုရောက်လာသလိုပဲ။

"ဘယ်ထိသွားရဦးမှာလဲ?"

"အရှေ့ဆိုရောက်ပါပြီ"

"ငါမောနေပြီ"
ဆိုတော့ လက်ကိုလွှတ်ချလိုက်တယ်။သူ့ကိုပဲပြန်ကြည့်မိတော့ ဘာဆိုဘာမှမမြင်ရတဲ့ အမှောင်လောကထဲရောက်နေပြီ။ အုံ့မှိုင်းပြီးမည်းနက်နေတာ  လရောင်၊ကြယ်ရောင်တွေတောင်မတွေ့ရဘူး။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now