Chapter 8💜

7.1K 866 23
                                    

ညှို့မျက်ဝန်း

Chapter 8💜



မနေ့ကကိစ္စကြောင့် Jungkook တစ်ယောက်အိပ်ယာကမထနိုင်၊ Jimin နှိပ်ပေးတာသက်သာသလောက်ရှိနေပြီဆိုပေမဲ့ အရှင်းမပျောက်သေး။

"Jungkook... Jungkook"

အပြင်ကတံခါးခေါက်သံနဲ့အတူ အော်ခေါ်နေတဲ့အသံကို Jungkook ကြားသည်၊ သို့သော်ဘာတုံ့ပြန်မှုမှမပေးဘဲ တစ်ဖက်ကိုတောင်စောင်းအိပ်လိုက်သေး၏။ နာနေတဲ့ခါးကိုလက်နဲ့ဖိရင်း နားကိုပါခေါင်းအုံးနဲ့ပိတ်လိုက်သေး။

"Jungkook အောက်မှာဧည့်သည်ရောက်နေလို့"

"ဘာဧည့်သည်လဲ?"

အုပ်ထားတဲ့ခေါင်းအုံးကိုဖယ်ပြီး ခေါင်းလေးစောင်းရုံသာ ပြန်မေးသည်။

"Jungkook ရဲ့ဧည့်သည်တွေပါ"

"ငါ့အိမ်လာမှတော့ငါ့ဧည့်သည်ပေါ့။ဘယ်သူလဲမေးတာ"

"Hyori နဲ့ ..."

"ဘာ! Hyori ဟုတ်လား? ငါအခုဆင်းလာပြီလို့သွားပြောထားလိုက်"

စကားကိုတောင်ဆုံးအောင်နားမထောင်ဘဲ ချက်ချင်းကုန်းရုန်းထပြီး ကိုယ်လက်ဆေးဖို့ပြင်တော့သည်။

"အခုဆင်းလာပြီ တဲ့"

Jungkook မှာလိုက်တဲ့စကားအတိုင်း တစ်ထပ်တည်းပြောပြပေးလိုက်ပြီး အပြင်အချိန်ဇယားမရှိလည်း အလုပ်တွေကရှိနေတာမို့ Jimin ထိုနေရာကနေလှည့်ထွက်လာသည်။

"sorry ပါ Hyori ။ စောင့်နေတာကြာ .."

Lee Hyori ဘေးမှာထိုင်နေတဲ့ အပိုဧည့်သည်ကြောင့် Jungkook ပြောလက်စ,စကားတောင်ပြတ်သွားသည်။
အမှန်ဆိုဒီလူက ကိုယ့်အလုပ်ရှင်လေ။
ဘာလို့များ အမြင်မကြည်ဖြစ်နေရတာပါလိမ့်?

".. ဆရာလည်းပါလာတာကိုး"

"ဟုတ်တယ်။ ဒီနေ့နားရက်ဆိုတော့နေရာလေးဘာလေးသွားကြည့်ကြမလားလို့လေ တစ်ခါတည်းလိုက်လာလိုက်တာ။ ဘယ်လိုလဲ သွားလို့ရတယ်မလား"

"ဟုတ်ကဲ့ ရပါတယ်"

"အာ့ဆို Jeonပြင်ဆင်လိုက်တော့လေ။Hyoriတို့စောင့်နေလိုက်မယ်"

"အင်း... ခဏစောင့်ပေးဦးနော်"

"Ok"

စကားပြောဆိုပြီး Jungkook အပေါ်ပြန်တက်သွားသည်။ ဆင်းလာတုန်းကဘာမှန်းမသိပေမဲ့ လှေကားပြန်တက်တော့ ခါးကနာလာသလိုလို။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now