Chapter 27💜

5.5K 640 84
                                    

ညှို့မျက်ဝန်း

Chapter 27💜

"ကျွန်တော်ကယောက်ျားလေးဖြစ်နေလို့လား?"

"ဘယ်ကိုရောက်သွားပြန်တာလဲကွာ? အခုဖြစ်နေတာကအဲ့ဒါနဲ့မှမဆိုင်တာ"

"Jungkook ကကျွန်တော်ပြောလိုက်ရင် အမြဲအဲဒီ့လိုပဲပြောတယ်။မဆိုင်တာတွေမပြောနဲ့ဆိုတာချည်းပဲ ..  ကျွန်တော်ဖြစ်နေတာတွေက ဘာလို့ဘာမှမဆိုင်ရမှာလဲ?Jungkook နဲ့အမြဲတမ်းဆိုင်တယ်"

"ဟုတ်ပါတယ်... အခုငါပြောတာကလည်း ... "

"ကျွန်တော်မေးတာတွေကျဘာတစ်ခုမှပြန်မဖြေဘူး၊ ပြဿနာမရှာနဲ့ပဲပြောတယ်။ ကျွန်တော်ကအမြဲပြဿနာရှာတယ်ဆိုပေမဲ့ အဲ့ဒါ Jungkook ကိုချစ်လို့လေ ။ Jungkook ကကျွန်တော့်ကိုမပြောဘဲတစ်ယောက်တည်းထားသွားတာလေ၊ ကျွန်တော်သာအဲဒီ့လိုမျိုး Jungkook ကိုထားသွားရင်ရော Jungkook ဘယ်လိုခံစားရမလဲ?"

သူပြောတာတွေကိုမငြင်းပါဘူး၊ ဒါပေမဲ့ သူ့ကိုအထင်လွဲစေချင်ဘူးပြီးတော့ ကျွန်တော်ရှင်းပြတာကိုသူလက်ခံရင်ဒီကိစ္စကပြီးသွားမှာ... အခုကမုန့်လုံးကိုစက္ကူကပ်သလိုဖြစ်နေပြီရယ်

"Jungkook ပြောတဲ့စကားတွေကို မယုံတော့ဘူး"

"ရုပ်ဆိုး!"

ငိုယိုပြီး အခန်းထဲပြေးဝင်သွားတဲ့ကောင်လေးက အရှိုက်ကိုထိအောင်ပြောသွားသေးသည်မှားတယ်ဆိုတာလက်ခံပါတယ် .. တောင်းပန်ဖို့လည်းဝန်လေးပါဘူး။ ဒါပေမဲ့  ကျွန်တော်ကိုယ်တိုင်ခွင့်တောင်းသွားမိတာလေးတစ်ခုပါပဲအဲဒီ့ထပ်ပိုပြီး ဘာအမှားယွင်းမှလုပ်ခဲ့မိပါဘူး

×××

"ဆရာ .. ကျွန်တော် Jungkook ပါ"

"ဟုတ်ကဲ့ Mr.Jeon ပြောပါ"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now