Chapter 26💜

5.3K 662 66
                                    

ညှို့မျက်ဝန်း

Chapter 26💜


"သူက Jungkook ကိုလိုချင်နေတာကျွန်တော်သိတယ်"

"Park Jimin ..!"

တစ်ဖက်လူကိုအားနာစရာကောင်းတာမို့ Jungkook အော်လိုက်မိခြင်းသာ။ ပိုဆိုးတာက ထိုတစ်ဖက်လူဟာမိန်းကလေးဖြစ်နေတဲ့အပြင် Lee Hyori ဖြစ်နေတာကြောင့် စကားမလွန်စေဖို့ဝင်တားတဲ့သဘောနဲ့အော်လိုက်ပေမဲ့ ပြောင်းလဲသွားတဲ့ Jimin ပုံစံကြောင့် Jungkook ရော Hyori ပါအံ့သြသွားသည်။

အရင်ဆိုဒီလိုအော်ခံရရင် သူချက်ချင်းဝမ်းနည်းသွားမှာ၊ သူတောင်မသိလိုက်ခင်မျက်ရည်တွေကျလာမှာဖြစ်ပေမဲ့ အခုကလုံးဝကွဲပြားနေ၏။
မျက်ထောင့်တွေနီလာပြီး ဟိုတစ်ခါအထင်လွဲတုန်းကလိုတစ်ခုခုထပြီးလုပ်တော့မဲ့ပုံစံမျိုးဖြစ်သွားသည်၊ သူ့အခြေအနေကိုရိပ်မိလိုက်တာမို့ Hyori ကိုမြန်မြန်ပြန်ဖို့ပြောလိုက်ရ၏။

"ရုပ်ဆိုး ... ငါတောင်းပန်ပါတယ်၊ ငါမင်းကိုအော်လိုက်တာကလေ .. "

"Lee Hyori ကိုပြောလို့မလား?"

"ရုပ်ဆိုး ... အဲဒီ့လိုမဟုတ်ဘူး"

"Jungkook ပြောင်းလဲသွားပြီ"
Jungkook ပြောင်းလဲသွားပြီတဲ့လား?ငါပြောင်းလဲသွားတာဆိုလို့ မင်းကိုအရမ်းချစ်မိသွားတာတစ်ခုပဲရှိတာပါ။တကယ်ပြောင်းလဲမှုတွေအများကြီးရှိလာတဲ့သူက မင်းပဲလေ

အကုန်မဟုတ်ပေမဲ့ ဒေါသတစ်ဝက်လောက်ထိလျှော့ချပြီး Jimin အခန်းထဲဝင်သွားသည်။ သူ့ဘက်ကနေမဟုတ်ဘဲ Hyori ဘက်ကနေဝင်ပြောပေးတဲ့ Jungkook ကိုလည်းစိတ်ဆိုးရင်း မဆီမဆိုင်တွေလာပြောတဲ့ Lee Hyori ကိုလည်းဒေါသထွက်နေမိဆဲပင်။

(ဒေါက် ... ဒေါက်)

"ရုပ်ဆိုး ... ရုပ်ဆိုး... "
တံခါးခေါက်သံနဲ့အတူ Jungkook ရဲ့ခေါ်သံပါ,ပါ၏။ အတိုင်းသားကြားနေရပေမဲ့ Jimin စိတ်မကြည်သေးတာကြောင့် အိပ်ချင်ယောင်ဆောင်နေလိုက်သည်။

"ရုပ်ဆိုး မင်းမအိပ်သေးဘူးမလား? မင်းမအိပ်သေးဘူးဆိုတာငါသိပါတယ်"
ဘာသံမှပြန်မလာတာကြောင့် Jungkook ဆက်ပြီးခေါက်မနေတော့ဘဲ တံခါးကိုမှီချရင်းနဲ့သာ စကားဆက်ပြောနေလိုက်၏။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Tahanan ng mga kuwento. Tumuklas ngayon