Chapter 18💜

6.8K 763 54
                                    

ညှို့မျက်ဝန်း

Chapter 18💜


"ဟယ်လို?"

‌"Jeon Jungkook ရှိလား?"

‌တစ်ဖက်ကမေးလာတဲ့အသံက မန်နေဂျာကြီးအတွက်ထိတ်လန့်စရာ။ ဒီအသံကိုရင်းနှီးနေပေမဲ့ လက်ရှိပြောနေတဲ့ပုံစံကြောင့် ဒါဟာဘယ်လိုအခြေအနေဆိုတာလည်း ရိပ်မိသွားသည်။

ဘာမှမပြောဘဲ Jungkookကိုသာကြည့်နေမိတော့ ..
"ဘာဖြစ်လို့လဲအစ်ကို? တစ်ခုခုဖြစ်လို့လား?"

မန်နေဂျာလက်ထဲကဖုန်းကိုဆွဲယူပြီး တစ်ဖက်ကအသံကိုသူဆက်နားထောင်လိုက်သည်။

"Jeon Jungkookကိုပြောလိုက်ပါ၊ သူ့လူကငါ့ဆီရောက်နေပြီလို့"

"မင်းဘယ်သူလဲ? ရုပ်ဆိုးကိုခေါ်သွားတာမင်းလား? အခုဘယ်မှာလဲ?"

"ဟိုး .. ဖြည်းဖြည်းပေါ့ ဆရာရယ်။ ငါ့အသံကိုတောင်မမှတ်မိရလောက်အောင် ဘာတွေအဲဒီ့လောက်လောနေတာလဲ?"

"မင်း!"

"ဟားဟား ဟား မင်းတဲ့လားကွာ၊ အရင်ကလိုအစ်ကိုမဟုတ်တော့ဘူးလား? ဘာလို့လဲ မင်းလူကိုငါခေါ်ထားမိလို့လား?"

ဖုန်းထဲကမခန့်လေးစားစကားတွေကြောင့် Jungkook စိတ်တိုလာသည်။ ဘာမဟုတ်တဲ့ပြဿနာလေးတစ်ခုအတွက်နဲ့ ဒီလောက်ထိလုပ်ဖို့မလိုသလို တကယ်တမ်းရှင်းကြကြေးဆို သူနဲ့ရှင်းရမည်သာ၊

"ဒါနဲ့ ငါ့လူ ဆိုပြီးမင်းပြောခဲ့တာအလကားမဟုတ်ဘူးပဲ၊ သူ့ဆီမှာမင်းအမှတ်အသားတွေအများကြီးပဲကွ"

"Choo Saung in"

မနေ့တုန်းက ရုပ်ဆိုးရဲ့ကိုယ်ပေါ်မှာ အချစ်သင်္ကေတအနေနဲ့ အမှတ်အသားတွေအများကြီးလုပ်ခဲ့မိတယ်။အဲ့အရာတွေကိုပါ သူမြင်တယ်ဆိုတော့ .. ဘယ်လိုများ?

"သူ့ရဲ့ညှက်ရိုးလှလှလေးတွေပေါ်မှာ မင်းရဲ့အမှတ်အသားတွေရှိနေတာက ငါ့ကိုတကယ်ရင်နာစေတယ်၊ ဒါပေမဲ့လည်းလို့ ငါကပဲသည်းခံလိုက်ပါ့မယ်။အဲ့အရာတွေပေါ်မှာ ထပ်ပြီးအမှတ်အသားလုပ်လိုက်ရင်တော့ ... "

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now