Chapter 1💜

19.5K 1.1K 105
                                    

ညှို့မျက်ဝန်း

Chapter 1💜



"ကျွန်တော်လုံးဝလက်မခံနိုင်ဘူး"

"ဘာ .. ဒီအခြေအနေရောက်နေတာတောင် မင်းကလက်မခံဘူးလုပ်နေသေးတယ်ပေါ့"

မန်နေဂျာကြီး အနည်းငယ်ပေါက်ကွဲသွားသည်။ ဖြစ်ပျက်နေတဲ့ပြဿနာတွေကို ဘယ်သူကစခဲ့တာလဲ?

ကိုယ့်ကိစ္စကိုယ်မရှင်းနိုင်သည့်အပြင် သူများရှင်းပေးတာကိုပါငြင်းပယ်နေသော  နိုင်ငံကျော် အဆိုတော်လေး  Jeon Jungkook!

"မင်းလက်မခံလည်း ငါစီစဥ်ရမှာပဲ .. ဒီကိစ္စတွေအကုန်လုံး မင်းစခဲ့တာချည်းပဲ"

ဒေါမာန်အပြည့်နဲ့ ဟိတ်ဟန်လုပ်ကာပြောဆိုသွားသော မန်နေဂျာကြီး။

ဗီဇအရသာ လက်မခံနိုင်ဘူးဟုခေါင်းမာပြခဲ့သော်လည်း တကယ်ပင်ဒီအခြေအနေကြီးက ပြေးပေါက်ပိတ်နေခြင်းပင်...

"Hyori  ကိုယ်ပြောပြမယ် .. အဲ့ကောင်မလေးနဲ့ကလုံးဝရှင်းတယ် လူတွေအထင်လွဲပြီး.. "

"တို့နားလည်တယ် Jeon.. ပြီးတော့သဘောလည်းပေါက်တယ် အသည်းအသန်ရှင်းပြနေစရာမလိုပါဘူး"

"ကိုယ်.. "

"မန်နေဂျာကြီးပြောသလိုလုပ်လိုက်ပါ... ဘာပဲဖြစ်ဖြစ် လက်ရှိကိစ္စတွေတော့ငြိမ်းသွားမယ်လေ"

"Hyori-ah!"

အနေအေးသလို သွေးလည်းအေးသော ကမ္ဘာကျော် အလှမယ်လေး မာနခဲ Lee Hyori !

မတတ်နိုင်သည့်နောက်ဆုံးတော့ ပြောသမျှလက်ခံဖို့သာရှိတော့သည်မို့ ပြောလက်စဖုန်းကိုချလိုက်တော့သည်။

~~~

ပြဿနာဖြစ်စေခဲ့တဲ့ staff ကိုအလုပ်ထုတ်ပြီး မန်နေဂျာကိုယ်တိုင်စီစဥ်ပေးထားတဲ့ staff အသစ်နဲ့ဒီနေ့တွေ့ရမည်ဖြစ်သည်။

staff နဲ့ dating new ထွက်အောင် ငါဘယ်လိုများနေခဲ့လို့ပါလိမ့်??

"Jungkook ရေ မြန်မြန်လေး"

"လာပြီ"

အရှေ့မှာရောက်နေပြီထင်တယ်  မိတ်ဆက်ပေးဖို့လှမ်းခေါ်ပုံထောက်ရင်...

"Jungkook... ဒါမင်းရဲ့ ဝေယျာဝိစ္စ အကုန်တာဝန်ယူပေးမဲ့ staff အသစ် . နာမည်က Park.Jiminတဲ့"

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now