Chapter 3💜

7.2K 884 33
                                    

ညှို့မျက်ဝန်း

Chapter3💜


"ဘယ်မှာလဲ ဟိုတစ်ယောက်က?"

"ရောက်ပါပြီဗျ"

မေးမှရောက်,ရောက်လာတတ်တဲ့ ဒီကောင်လေးကို Jungkook ကြည့်မရတော့တာအမှန်!

"မင်းတမင်လုပ်နေတာလား"

"ဗျာ?"

ပြူးကြောင်ကြောင်ပုံစံလေးကြောင့် ပြောမဲ့စကားတွေပျောက်ဆုံးသွားခဲ့ရပြီ။

"မန်နေဂျာဘယ်မှာလဲ"

"ဗျာ...?"

"ငါ့မန်နေဂျာ ဘယ်မှာလဲလို့!!"

"မသိပါဘူး"

"ဘာ!"

ပုံမှန်ထက်ကျယ်သွားတဲ့အသံကြောင့် Jimin ကိုယ်လေးတွန့်ခနဲဖြစ်သွားသည်၊

"Jungkook-ah ဘာဖြစ်ပြန်ပြီလဲ"

တံခါးကဝင်လာတဲ့မန်နေဂျာက အော်သံကိုကြားလိုက်တာကြောင့် အထဲရော,က်ရောက်ချင်းမေးတာဖြစ်သည်။

"အစ်ကို သူ့ကိုကျွန်တော့်အိမ်မှာခေါ်ထားမယ်"

"ဟမ်..?"

"ဘာလို့လဲ မရဘူးလား"

"မရဘူးဆိုတာထက် မင်းကဘာလို့ခေါ်ထားချင်တာလဲ"

"ခေါ်ထားချင်တာမဟုတ်ဘူး ခေါ်ထားမှရမှာမို့လို့..။ သူ့ရဲ့ဒီလိုနေ့တိုင်းနောက်ကျပုံနဲ့ ကျွန်တော့်ပွဲတွေဘယ်လိုလုပ်မလဲ.. အလုပ်ထုတ်မယ်ဆိုလည်း အစ်ကိုကလက်မခံဘူးလေ"

စကားပြောနေရင်း Jiminကိုလှမ်းကြည့်လိုက်သေးသည်၊
ငြိမ်ငြိမ်လေး ရပ်ပြီးနားထောင်နေတဲ့ ဒီဟာလေးက ဘယ်လိုလူသားလဲ?

..........

နောက်ဆုံး Jungkookအိမ်ကိုလိုက်နေဖို့ မန်နေဂျာကစီစဥ်ပေးလိုက်ရတော့၏။
Jiminလည်း မန်နေဂျာကြီးစကားကိုနားထောင်ပြီး Jungkookအိမ်သို့လိုက်လာခဲ့သည်။

"ဒီအောက်မှာအခန်းတွေအများကြီးရှိတယ် မင်းကြိုက်တဲ့အခန်းနေ...။ အပေါ်ကိုလုံးဝတက်မလာနဲ့"

သူကသာပြောနေတာ Jiminကအဖတ်မလုပ်..၊
အခုမှမြင်ဖူးသည့် ပစ္စည်းကိရိယာတွေကအများသားကို...

"ဒီမှာ .. ငါပြောနေတာကြားရဲ့လား"

လျစ်လျူရှုခံရတော့ စိတ်ကမကြည်...
ယောင်တောင်တောင်လိုက်ကြည့်နေတဲ့ အသေးလေးကိုအော်လိုက်ပြန်၏။

 ညှို့မျက်ဝန်း   (Z+U) ~ ( Completed )Where stories live. Discover now