ep(9)💞

708 50 6
                                    

''Key ဆိုတဲ့ငါကအချစ်အကြောင်းကိုသေချာမသိဘူး blood ငါ့ကိုထားမသွားရင်ရပြီ။''

*အမူးသမားလေးအိပေါ်ကို ကြည့်ပြီး
ရှောင်ကျန့်ပြုံးမိပြန်တယ်။

'မင်းက key ဆိုတဲ့ hacker ပေါ့လေ..
တယ်လည်း ဟန်ကျပါလား..ငါကမင်းကိုရှာစရာမလိုတော့ဘူး..မင်းက
Key ဆိုတာ ငါသိသွားပြီ..ဟိုကောင်လေး
ပဲ....'

ရှောင်ကျန့်ရဲ့ဖုန်းမြည်သံကြောင့်
ရိပေါ်ကို အခန်းထဲထားခဲ့ပြီးရှောင်ကျန့်ကားရှိရာဆီ ခြေလှမ်းပြောင်းလိုက်တော့တယ်။
သူဖုန်းကိုင်လိုက်ချိန်မှာတော့....
ဝမ်နင်ဆီကဖြစ်နေခဲ့တယ်။

''ခေါင်းဆောင်....ခြေရာခံစက်နေရာကနေ
လူတစ်ယောက် ထွက်လာတယ်။
သူ့ကို သေချာမမြင်ရဘူး.....''

''စောင့်ကြည့်နေ....ငါအခုလာခဲ့မယ်
ကြားလား ဝမ်နင်.....''

''ဟုတ်ကဲ့.... ခေါင်းဆောင်....''

အခန်းထဲကျန်နေခဲ့တဲ့ အိပေါ်မှာတော့
ကုတင်ပေါ်မှာ မူးပြီးအိပ်နေပါပြီ.....

Bloodကတော့ ဖုန်းပြောပြီးတာနဲ့ keyကိုထားထားသည့်အခန်းဆီပြန်လာခဲ့ချိန်....
လူကိုမတွေ့တာနဲ့ အခန်းတွေတခန်းပြီးတခန်းလိုက်ရှာနေခဲ့သည်။

နောက်ဆုံး VVip အခန်းတခုရှေ့ရောက်လာခဲ့တဲ့သူက...အနီးအနားကဝိတ်တာလေးဆီအကူအညီတောင်းပြီးထိုအခန်းတံခါးကိုဖွင့်ခိုင်းခဲ့ရသည်။
ဟော....တွေ့ပါပြီ ကုတင်ပေါ် ပိုးလိုးပက်လက်နဲ့ အိပ်မောကျနေသည့်
Key ကို....မြင်တော့မှ သက်ပျင်းချမိတဲ့blood...

ဒါနဲ့ပဲ keyရဲ့အနားကိုရှောက်လာမိတဲ့သူ
အိပ်မောကျနေတဲ့ မျက်နှာနုနုလေးကိုကြည့်ပြီး blood ရဲ့စိတ်တွေ အတွေးနက်နဲသွားခဲ့သည်။

''Key....ပြန်ရအောင်နော်....မင်းရဲ့အကိုစိတ်ပူနေတော့မယ်။''

အိပေါ်ရဲ့နားထဲ ကြားယောင်လာသည့်
စကားတို့ကြောင့် မျက်လုံးတွေကိုအသာအယာဖွင့်ကြည့်လာတဲ့သူ....

''Blood.....ငါ့ကိုချစ်လားမင်း.....''

''အင်း....ချစ်တယ်လေ''

''ဒါဆိုငါတို့နှစ်ယောက်ရှေ့ဆက်သင့်တယ်လို့မင်းမထင်ဘူးလား blood....''

different love knot💞Where stories live. Discover now