ep(23)💞

439 16 4
                                    

''ဝမ်နင်...တပ်ဖွဲ့တွေကို မင်းပဲဦးစီးကိုင်တွယ်လိုက်ပါ
ငါ ဟိုကောင်နဲ့စားရင်းရှင်းစရာရှိတယ်။''

''ခေါင်းဆောင် ဖြစ်ပါ့မလား... ခေါင်းဆောင်ရဲ့ဒဏ်ရာတွေက သက်သာခါစပဲရှိသေးတယ်လေ
ကျွန်တော်ပါအတူလိုက်ခဲ့လို့ရမလား။''

''ရွှယ်ယန်းနဲ့မင်းက ငါ့ရဲ့အားအထားရဆုံးလက်ထောက်တွေ အကယ်၍ငါသာ တာဝန်ထမ်းဆောင်ရင်းတစ်စုံတခုဖြစ်ခဲ့မယ်ဆိုရင် မင်းတို့နှစ်ယောက်ပဲ ဒီလူယုတ်မာတွေကို ဖမ်းနိုင်မှာ။''

''ခေါင်း..ဆောင်''

''ငါ့အမိန့်ကိုနာခံစမ်းဝမ်နင်ဆက်မပြောနဲ့။''

ရှောင်ကျန့်ရဲ့အေးစက်နေသည့်အမိန့်သံအောက်တွင်နောက်ဆုံးတော့
ဟုတ်...ဟူသည့်နာခံသံသာထွက်ပေါ်လာရသည်။

''ဒါဆိုရင်မင်းရဲ့တာဝန်ကိုမင်းဆက်လုပ်..
ငါ့ကိစ္စထဲဝင်မပါနဲ့ကြားလား။''

'ကျွန်တော် ခေါင်းဆောင်ကိုစိတ်ပူလို့ပါ..
ခေါင်းဆောင်က ဝမ်နင်ရဲ့စံပြပုဂ္ဂိုလ်မို့လို့ တစ်စုံတခုထိခိုက်တာ မမြင်ချင်မတွေ့ချင်ရုံပါ။ဒီလိုမျိုးတော့ ဝမ်နင်မှာစိတ်ပူခွင့်ရှိတယ်မဟုတ်လား ခေါင်းဆောင်...ဒါပေမဲ့..''

အတွေးတွေကသူ့ရဲ့ရင်အစုံကိုတင်းကြပ်စေပေမဲ့
ထိုစကားလုံးတွေကိုတော့ ပြောခွင့်မပေးခဲ့ရှာ။
သူ့အနားက ခြေလှမ်းကျဲများနဲ့ထွက်ခွာသွားတဲ့ရှောင်ကျန့်ရဲ့နောက်ကျောပြင်ကိုသာငေးကြည့်ရင်းဝမ်နင် ကျန်ရစ်ခဲ့တော့သည်။
.
.
.

sky star hotel ကြီး၏ထိပ်ဆုံးအမြင့်ပိုင်းမှာတော့ ရှန့်လေးရဲ့ကိုယ်ပေါ်မှာ လှုပ်ရှားရွေ့လျားလို့မရသည့် ဗုံးကို မုဏ်ကျန်းမှတပ်ဆင်ပေးထားပြန်တယ်။

ဆံပင်နှစ်ခွခွဲစီးထားသည့် ရှန့်လေးမှာမျက်ရည်များပိုးပိုးပေါက်ပေါက်ကျဆင်းနေပြီး သူ့ရဲ့ဦးလေးရှောင်ကျန့်ကို သူ့အနားမလာခဲ့ဖို့ သတိပေးအော်ဟစ်နေတဲ့အတွက်...

''တိတ်တိတ်နေ အဲ့ဒီပါးစပ်ကိုပိတ်ထားစမ်းကလေးမ နင်အညိမ်မနေရင် ငါ့ဘက်ကနင့်ဦးလေးကို ငါ့လူတွေနဲ့သတ်ခိုင်းလိုက်မယ်မှတ်။''

different love knot💞Tempat cerita menjadi hidup. Temukan sekarang