ep(28)💞

229 10 0
                                    

1 month latter...
ပေကျင်းမြို့ရဲ့အထင်ကရ ဘုရားကျောင်းတွင်

ခမ်းနားလှသည့် မင်္ဂလာပွဲလေးသည် ယနေ့တွင်
ဧည့်သည်အပေါင်းအား အံ့သြစေခဲ့သည်။

မင်္ဂလာမောင်နှံမှာ သုံးတွဲဖြစ်နေခဲ့ပြီး... အားလုံးမှာ ခန့်ညားချောမောကြသည့် ယောကျ်ားလေးများဖြစ်ပြန်သည်။

''ထင်မထားဘူး သူတို့တွေအတည်လက်ထပ်လိမ့်မယ်လို့။''

''မင်းကသူတို့ကိုအပျော်တွဲတယ်လို့ထင်နေတာလား''
''ရွှယ်ယန်း...
ခေါင်းဆောင်ဆီသွားရအောင် လာလိုက်ခဲ့။''

အဲ့ဒီနောက် မင်္ဂလာမောင်နှံတွေရပ်နေကြတဲ့နေရာဆီသို့ ရောက်လာကြတဲ့ ဝမ်နင်နဲ့ရွှယ်ယန်း။

''ဂုဏ်ပြုပါတယ်.. ခေါင်းဆောင်ကျန့်
အနာဂတ်ဘဝခရီးမှာ ချစ်တဲ့လူနဲ့သက်ဆုံးတိုင်ပေါင်းဖက်နိုင်ပါစေဗျာ..''

''အေးပါ ဝမ်နင်ရာ...''

''ဒါနဲ့ခေါင်းဆောင်နဲ့ သူကအရမ်းလိုက်ဖက်တယ်
ေနာ်။''

''အားကျလို့လား...ဝမ်နင်။''

''မဟုတ်တာပဲ ''

ဝမ်ရိပေါ်ကိုကြည့်ပြီး ရှောင်ကျန့်နဲ့လိုက်ဖက်ညီတယ်ဟူ၍ ချီးမွမ်း နေသည့်တပည့်ဖြစ်သူကို ရှောင်ကျန့်ခပ်ပြုံးပြုံးလေးသာ အသိအမှတ်ပြုခဲ့လေတယ်။

''ခေါင်းဆောင်ကအရမ်းကံကောင်းတယ်နော်...
ချစ်တဲ့သူနဲ့လက်တွဲနိုင်လို့။''

''ရွှယ်ယန်း...မင်းကရော လူပျိုကြီးပဲလုပ်တော့မလို့လား မင်းရဲ့အနီးနားမှာပဲ အချစ်ရနံ့တွေက တည်ရှိနေတာ မင်းကနှာခေါင်းမကောင်းလို့ထင်တယ်။''

''ခေါင်းဆောင်...ဘာတွေပြောနေတာလဲ။''

''မဟုတ်လို့လား..အရူးကောင်ရဲ့ ''

''ဟီး..အဲ့ဒါက..မစရသေးဘူး ကျွန်တော့်မှာလိုအပ်ချက်တွေရှိနေသေးတယ်ထင်တယ်''

''မင်းကလည်းကွာ အရိပ်ပြလို့အကောင်မမြင်ဘူး။
ငါ့တပည့်မပီသလိုက်တာ..''

''ေခါင်းဆောင်ပြောလည်းခံရမှာပဲ''

''ကျန့်ကော...အခု မင်္ဂလာပွဲထဲမှာနော် မြှားနတ်မောင်လုပ်မနေနဲ့..ပတ်ဝန်းကျင်ကိုကြည့် မျက်လုံးတွေနဲ့နားတွေကအပြည့်ပဲ ပေါက်ကရကိုလုပ်လွန်းတယ် မနိုင်ဘူး။''

different love knot💞Where stories live. Discover now