ep(17)💞

358 22 3
                                    

ခုဆိုရင် ရှောင်ကျန့်တစ်ယောက် korea
နိုင်ငံ ဆိုလ်းမြို့ရှိရာဆီရောက်နေခြင်းပါ။

သူနဲ့အတူ ထူးချွန်သည့် စုံထောက်တချို့နဲ့ သူ့လက်ထောက်များပါလာခဲ့သည်။
မကြာခင်မှာ သူ အဲ့ဒီ ဂိုဏ်းတစ်ခုလုံးကို
ဖြိုခွဲနိုင်မယ်လို့ သူ့ကိုယ်သူ ယုံကြည်မှု့အပြည့်ဖြင့်သာ....

''ငါတို့ မနက်ဖြန် မြို့ထဲ လှည့်ပတ်ကြည့်ထားရမယ်။
လမ်းကြောင်းတွေ သေချာကြည့်ပြီးမှတ်ထားကြပေါ့....ဟုတ်ပြီလား အားလုံး။''

''ဟုတ်ကဲ့ ခေါင်းဆောင်ရှောင်....''

''ခုတော့အနားယူကြဦး... ခဏနေရင် ဆွေးနွေးပွဲစမယ်။''

''ဟုတ်ကဲ့...''

အားလုံးက ကိုယ့်အခန်းရှိရာဆီကိုယ်
ပြန်ဝင်သွားကြသည့်နောက် သူကတော့
ဟောခန်းကြီးထဲ ကျန်နေခဲ့ရှာတယ်။
ဒီအိမ်ကြီးက သူတို့တွေအတွက် ကြိုတင်ပြင်ဆင်ပေးထါးတဲ့ လျှို့ဝှက်အလုပ်လုပ်ရာ ပင်မဌာနပါ။
အပြင်ပန်းကသာ စုတ်ပြတ်နေပေမဲ့
အတွင်းပိုင်းမှာတော့ ထိုသို့မဟုတ်ပေ....

မိုးမျှော်တိုက်ကြီးရဲ့အပေါ်ဆုံးထပ်ရဲ့
အစည်းဝေးပွဲ ထဲ၌ဝယ်....
အလုပ်အကြောင်းဆွေးနွေးနေသည့်
မုဏ်ကျန်း....

''ခေါင်းဆောင်ခမ်းနဲ့ကျီရန်....
ခုချိန်ထိ ဟိုရဲအကြောင်းဘာတခုမှ စုံစမ်းလို့မရကြသေးဘူးလား။''

ဆေးပြင်းလိပ်တလိပ်ကို မီးငြှိဖွာနေရာမှ မေးလိုက်သည့် သူ့ကို လှန်မကြည့်ရဲသည့် တပည့်နှစ်ယောက်မှာ တာဝန်မကျေသလိုဖြစ်နေရှာသည်။

''သူအခု ဆိုလ်းမြို့ထဲမှာလို့ ငါသတင်းရထားတယ်။မင်းတို့နှစ်ယောက်သူ့ကိုငါ့ဆီခေါ်လာနိုင်ရင် အပြစ်ကိုကျေအေးပေးမယ် ကဲ....သွားကြတော့။''

စကားအထွဋ်မတက်ရဲကြတဲ့တပည့်နှစ်ယောက်မှာတော့ ထိုအခန်းထဲမှ ပြန်လည်ထွက်ခွာလာတော့သည်။

''ချူစဲ့အန်း..... မင်းကရော အဲ့ရဲရဲ့ရုပ်ကို
မှတ်မိလား။ဒါမှမဟုတ် မင်းရော သူ့ကိုမသိဘူးလား။''

''ခေါင်းဆောင် အမှန်အတိုင်းပြောရရင်
ချူစဲ့ သူ့ကိုမသိပါဘူး။ပြီးတော့ မြင်လဲမမြင်ဖူးပါဘူး။''

different love knot💞Where stories live. Discover now