ep(21)💞

375 19 2
                                    

ရှောင်ကျန့် သူ့ဖုန်းထဲရောက်နေသည့် video click ကိုမြင်ပြီး စိုးရိမ်သွားတော့တယ်။

ဝမ်ရိပေါ်ကို ဖမ်းထားတဲ့ video ထဲမှာ
သူ့ရဲ့ချစ်ရသူဝမ်ကမျက်နှာမှာ အထိုးခံထားရရှာပြီး
သူမြတ်နိုးလှတဲ့ ဝမ်ရဲ့ပါးပြင်ဥဥလေးမှာအခုတော့
ညိုမဲစွဲနေတဲ့ဒဏ်ရာတွေက သူ့နှလုံးအိမ်ကိုဖြိုချလိုက်သည့်နှယ်..

'ဝမ်'ဟု သူ၏နှုတ်မှရေရွတ်မိခဲ့ပေမဲ့ လှုပ်ရှားလို့မရတဲ့ သူ့အခြေအနေကို ပြန်သတိရပြီး..
ကုတင်ပေါ်မှဆင်းရန်ပြင်နေသည့်သူ့ရဲ့ခြေလှမ်းတို့ကိုရပ်တန့်မိခဲ့တယ်။

'ငါခွဲစိတ်မှု့လုပ်ထားရတာမို့ ချုပ်ရိုးတွေကမကျက်သေးဘူးပဲ ငါလှုပ်ရှားလိုက်ရင် ဒဏ်ရာတွေကသွေးထွက်လာလိမ့်မယ် ဒီလိုဆိုရင် ငါ့ဘက်ကဘာဆက်လုပ်ရမလဲ။'

'အိပေါ်ဆီကို ငါအသိပေးမှဖြစ်မယ်...ပြီးရင်
blood ကိုလည်းငါပြောပြမှရမယ်..'

''ဝမ်နင်... ဝမ်နင် အပြင်မှာရှိသလား။''

ဆေးဗန်းကိုင်ပြီးရောက်လာခဲ့တဲ့ သူနာပြုလေးနဲ့ဝမ်နင်ကြောင့်..

''ခေါင်းဆောင် ခုနက ခေါ်မိသေးလား ကျွန်တော့်နာမည်ကို။''

''ငါ့ကို တစ်ခု ကူညီပေး...
ဒီဖုန်းထဲက videoဖိုင်ကို blood နဲ့ အိပေါ်ဆီ ကူညီပြီးတော့ပို့ပေးစမ်းပါ။''

''ဟုတ်ကဲ့..ခေါင်းဆောင်''

''ရှိသေးတယ်... အခုလိုအခြေအနေဖြစ်လာပြီဆိုတော့.. ငါ့ရဲ့အတွင်းလူပေးထားတဲ့သတင်းပဲ။ဒီသတင်းကကြီးတယ်ဝမ်နင် သေချာနားထောင်..
ပြီးတော့ အခု ပေကျင်းမြို့မှာ ဖောက်ခွဲရေးသမားတွေရောက်နေလောက်ပြီ အဲ့ဒါငှာနချုပ်ကို မင်းအမြန်ဆက်သွယ်ပြီးအကြောင်းကြားရမယ်။''

''ဟုတ်ကဲ့ ဝမ်နင်အခုပဲဆောင်ရွက်လိုက်ပါ့မယ်။
ခေါင်းဆောင်စိတ်ချပါ။''

နာရီဝက်အကြာတွင်.. ဝမ်နင် ရှောင်ကျန့်ရှိရာဆီ ပြန်ရောက်လာပြီး..

''မုဏ်ကျန်းကို အရှင်လက်ရဖမ်းစီးနိုင်မှဖြစ်မယ်
ခေါင်းဆောင်..အထက်ကအမိန့်ချမှတ်လိုက်တယ်။''

''မင်းပဲ စီမံလိုက်ပါ ဝမ်နင်...
ငါလှုပ်ရှားလို့အဆင်မပြေသေးဘူး။''

different love knot💞Where stories live. Discover now