ep(30)💞

245 8 2
                                    

မိုးမျှော်တိုက်ရဲ့အထပ်အမြင့်ဆုံးအခန်းတွင်မူ လူနှစ်ဦးဟာ မျက်ဝန်းများစူးရှစွာ
အပြန်အလှန်စိုက်ကြည့်နေရှာသည်။

''မင်း..ကတိကိုတည်သင့်တယ် ရှောင်လန်။''

''အဟက်...မင်းအတည်ကြီးချစ်တတ်သွားပြီပေါ့ ဟုတ်လား ရှောင်းကျန့်။''

ဆေးပျင်းလိပ်ကို အကျအနမီးညှိလိုက်ပြီး
ဖွာရှိုက်လာတဲ့ ထိုလူသည် ရှောင်းကျန့်ရဲ့
သူငယ်ချင်းပင်။

''ဘာသဘောလဲ ရှောင်လန် ငါ့နောက်ကိုလူလွှတ်ထားရတဲ့အထိ။''

''ငါကအခု လိုချင်တာတစ်ခုရှိနေလို့လေ။
ဒါကြောင့် ငါလူလွှတ်ထားရတာ။''
''ဖူးလ်''(ဆေးလိပ်ငွေ့ဖွာရှိုက်သံ)

''ဘာလဲ...မင်းလိုချင်တာ''

''ပြောမှာပေါ့ ဖြည်းဖြည်းလေ
မင်းအရင်ကရထားတဲ့ ပစ္စည်းပဲ။
virus ပိုး formula။''

''ဘာကွ... အိုမီဂါပိုးက အရမ်းဆိုးဝါးတဲ့ဖျက်အားရှိတယ် ငါမပေးနိုင်ဘူး ရှောင်လန်။လူတွေမကဘူး သက်ရှိတွေအားလုံးဒုက္ခရောက်ကုန်လိမ့်မယ် မင်းသိရဲ့လား။''

''ငါကသုတေသနပညာရှင်ပါ ရှောင်းကျန့်ရာ
ဒီပိုးအကြောင်းငါကလေ့လာချင်ရုံသက်သက်ပဲ ဒုက္ခရောက်အောင်ငါကလုပ်ပါ့မလား။ငါစာတမ်းပြုစုပြီးစာအုပ်ရေးချင်ယုံပါ။''

''မရဘူး..ရှောင်လန် အထူးထိန်းသိမ်းခန်းထဲမှာ လုံခြုံရေးအထပ်ထပ်နဲ့သူတို့က
လုပ်ဆောင်ထားတာ ဘယ်သူမှဝင်ခွင့်မရကြဘူး။''

''ငါကမင်းကူညီနိုင်တယ်လို့ထင်တယ်။''

''မင်းကိုငါမကူညီနိုင်ဘူးဆိုရင်ရော...''

''အဟက် ငါ့ဘက်ကဘာလုပ်နိုင်တယ်ဆိုတာမင်းကအသိဆုံးနေမှာပါကွာ။ရှောင်းကျန့်ရ..''

''မင်းကိုကမ်းလှမ်းလို့မရမှတော့ ငါ့ဘက်က
တာဝန်ကျေပြီထင်တယ်။
ဒါပေမဲ့ မင်းဒီအကြောင်းကိုဘယ့်သူ့ကိုမှ
မပေါက်ကြားစေနဲ့ဒီကိစ္စကိုဒီမှာသာချန်ခဲ့သင့်တယ်။''

''အေး.ငါ့ဘက်ကလဲအသိပေးစရာကျန်သေးတယ်ရှောင်လန်။မင်းဘက်ကလည်း ရှေ့ဆက်မတိုးသင့်ဘူးဆိုတာ သိမှာပါ။
ဒါကြောင့် အိပ်ပျော်နေတဲ့နတ်ဆိုးကိုမင်းဘက်ကမနှိုးမိစေဖို့ ငါထပ်ပြီးသတိပေးလိုက်မယ်။ကျန်တာငါစိတ်မဝင်စားဘူး။
ငါ့မိသားစုအသိုင်းအဝိုင်းနဲ့ငါ့ပတ်ဝန်းကျင်ကိုတော့ အမှိုက်လာမရှုတ်နဲ့။''

different love knot💞Where stories live. Discover now