ep(31)💞

235 7 2
                                    

မှောင်ခိုရဲ့လေလံစျေးကွက်တွင် omegaပိုးရဲ့ စျေးနှုန်းမှာ သိပ်ကိုမြင့်မားနေပြန်သည်။

ကျန့်စစ်ဆိုသည့် လေလံပွဲစီစဥ်သူမှာ ထိုမြင့်မားနေတဲ့စျေးနှုန်းကိုကြားပြီး အံ့သြနေလေရဲ့။

''နောက်ဆုံးခေါ်တဲ့
စျေးနှုန်းဘယ်လောက်လဲ..''

''ဘီလျံချီပါတယ် boss..ကျန့်စစ်။''

''ဆက်ပြီးကိုင်တွယ်ထား.စျေးက.မြင့်လေကောင်းလေပဲ ကြားလား။''

''ဟုတ်ကဲ့..boss.''

လေလံပွဲရဲ့အခြေအနေကို Cctv ကတဆင့် ကြည့်နေပြီးသူကတော့ နောက်ပလန်တွေအတွက် တွေးတောနေလေရဲ့။

လေလံအဖွဲ့သားများကြားတွင် ရှောင်လန်တို့အုပ်စုတွေ Omega ပိုးကိုသာ အာရုံစိုက်ကြည့်နေကြသည်။

အပြာရောင်ဆေးရည်ကြည်များထဲတွင်
သေးငယ်လှသည့် အစိမ်းရောင်နဲ့အနက်ရောင် ရေပိုးများက ရှင်သန်နေကြတယ်။

''ဘယ်ကောင်က Omega ပိုးအမလဲ။''

''အစိမ်းရောင်ပါ..လူကြီးမင်း။''

''ဒါဆိုရင်
အနက်က သူ့ပါတနာပေါ့။''

''မှန်ပါတယ်.လူကြီးမင်း.ဒါပေမဲ့ အနက်ရောင်ပိုးကမိတ်လိုက်ပြီးတာနဲ့သေဆုံးနိုင်ခြေများပါတယ် လူကြီးမင်း။
ဒါကြောင့် Omega ပိုးအမကသူ့ပါတနာကိုပြန်စားတတ်ပါတယ်။''

''ရက်စက်လိုက်တဲ့ ပိုးပဲ...ငါသဘောကျတယ် ဟားဟား။''

''ဒီလေလံစျေးကိုဆယ်ဘီလျံနာအထိတိုးပေးမယ် ဒီပိုးကို ကျုပ်ဝယ်ချင်တယ် ကျုပ်ထက်စျေးပိုပေးနိုင်တယ်ဆိုရင် ယူကြပါ ဒီကမကန့်ကွက်ပါဘူးနော်။''

မချိပြုံးကြီးဖြင့် လေလံခန်းမထဲကိုကြည့်ပြီးပြောလာတဲ့
ရှောင်လန်ရဲ့စကားကိုကြားပြီး ကျန်သည့်လေလံအဖွဲ့ဝင်များမှာ ဘာစကားမှထပ်မဟရဲပေ။သူတို့ဘက်က စျေးပိုပြီးမပေးနိုင်ကြဘူးလေ။

များလွန်းတယ်လေ..ထိုစျေးထက်ပိုပြီးသူတို့တွေမပေးနိုင်ကြပါ။
ဒါကြောင့် ဘယ်သူကမှ လေကုန်မခံကြ။

''တစ်ကြိမ်..နှစ်ကြိမ်..သုံးကြိမ် ''

''ဒီကလူကြီးမင်းက ဆယ်ဘီလျံနာစျေးနှုန်းနဲ့
ဒီလေလံပစ္စည်းကို လက်ဝယ်ပိုင်ဆိုင်သွားပါပြီ။''

You've reached the end of published parts.

⏰ Last updated: Dec 25, 2023 ⏰

Add this story to your Library to get notified about new parts!

different love knot💞Where stories live. Discover now