ep(16)💞

715 34 4
                                    

''ငယ်...ကိုယ်နဲ့လာနေပါလားကွာ နောက်ရက်တွေကစပြီး ကိုယ်မအားတော့ဘူး
တာဝန်တစ်ခုထမ်းဆောင်ရမယ်။''

''ဘာတာဝန်လည်း ကော...ငယ်လည်းမသိပါလား။''

''ကိုယ်အသွင်ယူရတော့မယ် ပြီးတော့ ကိုးရီးယားကို ကိုယ်သွားရမယ်ထင်တယ်။''

''ဟင် မစောလွန်းဘူးလား ကော...ငယ် အိပေါ်ဆီ သွားမတွေ့ရသေးဘူး။''

''နောက်တော့ အေးဆေးတွေ့လို့ရတာပဲ ငယ်ရာ ကိုယ့်ကို မသာနားဘူးလား လွမ်းနေပြီအရမ်း။''

''နှာဘူးကြီးလိုပြောပြန်ရင်လည်း လွန်ရာကျအုံးမယ် အမြဲတမ်းထန်နိုင်တယ်မပြောချင်ဘူးကောနော်...''

''မရဘူးကွာ ငယ်နဲ့မှ ဒါမျိုးဖြစ်တာ ငယ်ကြောင့်... ကိုယ်ထန်ရတာ။''

''ဟွန့် ဘာမှလည်းမဆိုင်ဘူး လူလည်ကကျပြီးကြည့်...''

''ပြွတ်စ်...ချိုမြိန်တယ်ငယ် ကိုယ်တော့လွမ်းတဲ့ဒဏ်မခံစားနိုင်ရင် ငယ်ဆီပြန်ပြေးလာမိမယ်ထင်တယ်။''

''ပိုပြီ...လေကြီးပဲ ကောနော်..ငယ်ကိုတနေ့တခေါက်လောက်တော့ ဖုန်းမှန်မှန်ဆက်ပါ
ငယ်လည်း အရမ်းလွမ်းနေမှာ သိလား။''

''သူများကိုကျပြောပြီး ငယ်ကတော့လေ
အဆိုးလေးမှအဆိုးလေးပဲ ကိုယ်မရှိတဲ့ရက်တွေမှာ ငယ် တူမလေးကို စောင့်ရှောက်ပေးပါအုံး ကိုယ်စိတ်ချချင်တယ်ငယ်။''

''အင်းပါ...ကော''

''လွမ်းလှပြီကွာ ငယ်ရဲ့အိမ်လည်းမပြန်နိုင်လောက်တော့ဘူး ကိုယ်တို့နှစ်ယောက် ရှေ့က hotel ပဲဝင်ကြရအောင်..''

''သဘောပဲ...''

မျက်စောင်းခဲလျှက် ရိပေါ်တစ်ယောက် စိတ်ထဲ ဝမ်းနည်းနေပြန်တယ်
ရှောင်ကျန့် သူ့ရဲ့အဝေးခရီးထွက်ရမဲ့နေ့ကို
သူမလိုလားပြန်ဘူး။
*ကောရာ ငယ်ဘယ်လိုနေရမှာလဲ ကောမရှိရင် အရာအားလုံးက လှမနေဘူးကွာ..*

''ရောက်ပြီငယ် ဝင်ရအောင်...''

အတွေးများနေတဲ့ ကိုယ်လေးကို လှမ်းပုတ်ရင်းရှောင်ကျန့်ကတော့ hotelထဲဝင်သွားတော့တယ်။

''အခန်းတစ်ခန်းပေး နှစ်ယောက်အိပ်နော်''
ဒီလိုထည့်ပြောရတာ သူ့ရဲ့ငယ်အတွက်
ကြိုတင်ကာကွယ်ပေးတဲ့သဘောပါ။

different love knot💞Where stories live. Discover now